“ပြည်ပမှ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ်ရောက်ရှိစေရေး ညှိနှိုင်းဆောင်ရွက်ထား”

05 Mar

ပြည်ပမှ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ်ရောက်ရှိစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၄ ရက်မှာ စက်သုံးဆီနှင့်ပတ်သက်၍ ပြည်သူ များ စိုးရိမ်ကြောင့်ကြမှုမရှိစေရန် အသိပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်နိုင်ရန် နည်းလမ်းများကိုလည်း ရှာဖွေ ချိတ်ဆက်ထားပြီးဖြစ်ကာ ဖြစ်ပေါ်လာနိုင်တဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့အခြေအနေများကို စွမ်းအင်ဝန်ကြီးဌာန အနေနဲ့လည်း အနီးကပ်စောင့်ကြည့်လျက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိအချိန် မြန်မာနိုင်ငံအတွင်းမှာ အရန်စက်သုံးဆီအဖြစ် စွမ်းအင်ဝန်ကြီးဌာနမှ ရက် ၄၀ ခန့်စာ တင်သွင်းသိုလှောင်ထားပြီး စက်သုံးဆီများကို သီလဝါဆိပ်ကမ်းမှတစ်ဆင့် နိုင်ငံတစ်ဝန်းသို့ ဆီတင်ယာဉ်များဖြင့်ဖြည့် တင်းဖြန့်ဖြူးပေးလျက်ရှိတယ်လို့ အသိပေးခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်အသုံးပြုသော စက်သုံးဆီများသည် ထိုင်းနိုင်ငံမှတင်သွင်းခြင်းမဟုတ်ဘဲ စင်္ကာပူ၊ မလေးရှားနိုင်ငံတို့မှ ပင်လယ်ရေကြောင်းဖြင့် အဓိကတင်သွင်းခြင်းဖြစ်၍ စက်သုံးဆီဖြည့်ဆည်းမှုကွင်းဆက် Supply Chain တစ်လျှောက်မှာ အခက်အခဲများမဖြစ်ပေါ်စေရန် စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း အသိပေးကြေညာထား ပါတယ်။ (NVS 004)

05 Mar

ADVERTISE HERE .