ကုန်ဈေးနှုန်းသတင်း ၄.၃.၂၀၂၆
04 Mar
မတ်လ ၄ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ အနည်းငယ် ကျဆင်းလာပြီး အခြားပဲအများစုနဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သကြား၊ မန်ကျည်းသီး ဈေးတွေကတော့ အနည်းငယ် တက်လာပါတယ်။ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၂,၉၉၁ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၃,၂၅၇ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၈၆၅ ကျပ်ကနေ ၄,၉၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၄,၉၈၉ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၄,၈၃၀ ကျပ်ကနေ ၆,၁၈၅ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၄,၀၃၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၁၃၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၅,၉၁၀ ကျပ်ကနေ ၇,၀၈၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၆၈၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၁၆၅ ကျပ်ကနေ ၃,၇၂၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၁၀,၈၃၅ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၁၀ ကျပ်ကနေ ၁,၅၃၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၃၀၀ ကျပ်ကနေ ၅,၆၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၆,၉၁၅ ကျပ်ကနေ ၇,၁၂၀ ကျပ်၊ ကြက်သွန်နီ(မြစ်သား) တစ်ပိဿာကို ၁,၈၀၀ ကျပ်ကနေ ၂,၂၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၁၁,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၉၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ မန်ကျည်းသီး (ပွင့်ကပ်) တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၅,၇၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၃,၉၀၀ ကျပ်၊ အာလူး(အောင်ပန်း) တစ်ပိဿာကို ၂,၅၀၀ ကျပ်ကနေ ၃,၃၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၃၀၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၆၀,၀၀၀ ကျပ်ကနေ ၈၅,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ်ကနေ ၄၂,၀၀၀ ကျပ် ဖြစ်ပေါ်နေပါ တယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၅၉ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၀၄၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၁၆၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၄၁၅ ကျပ်၊ မန္တလေးမှာ ၂,၅၃၀ ကျပ်၊ နေပြည်တော်မှာ ၂,၄၉၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၄၈၀ ကျပ်၊ မန္တလေးမှာ ၂,၅၉၀ ကျပ်၊ နေပြည်တော်မှာ ၂,၅၆၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၆၅ ကျပ်၊ မန္တလေးမှာ ၂,၆၈၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၄၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၈၄၅ ကျပ်၊ မန္တလေးမှာ ၂,၉၆၀ ကျပ်၊ နေပြည်တော်မှာ ၂,၉၂၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၆,၉၀၀,၀၀၀ိ/-) ခြောက်ဆယ် ကိုးသိန်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၁၀,၉၀၀,၀၀၀ိ/-) တစ်ရာ ကိုးသိန်းကျပ် ရှိနေတယ်လို့ သိရပါတယ်။