“၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာနှစ်အတွက် အသားထုတ်လုပ်ခွင့် လိုင်စင်များလျှောက်ထားနိုင်”

04 Mar

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်မှ စတင်၍ လျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာန၏ သတ်မှတ်ထားသော အသားထုတ်လုပ်ရုံများနှင့် မြို့နယ်များတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမှုများမှာ ရွာသာကြီး အသားထုတ်လုပ်ခွင့် လိုင်စင်(ကျွဲ၊ နွား၊ သိုး-ဆိတ်၊ ဝက်)၊ လှိုင်သာယာမွေးမြူရေးဇုန် အသားထုတ်လုပ်ခွင့်လိုင်စင်(ကျွဲ၊ နွား၊ သိုး-ဆိတ်၊ ဝက်)၊ ရွှေပြည်သာမြို့နယ်တွင်း အသားထုတ်လုပ်ခွင့်လိုင်စင်(ကျွဲ၊နွား၊သိုး-ဆိတ်)၊ ဒလမြို့နယ်တွင်း အသားထုတ်လုပ် ခွင့်လိုင်စင်(ကျွဲ၊ နွား၊ ဝက်)နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်တွင်း အသားထုတ်လုပ်ခွင့်လိုင်စင်(ကျွဲ၊ နွား) စသည်တို့ ဖြစ်ပါတယ်။ လိုင်စင်လျှောက်လွှာများကို မတ်လ ၃ ရက်မှစတင်၍ Online Website (www.ycdc.gov.mm) လိုင်စင်စီ၏ ကိုယ်ရေးအချက်အလက်များနှင့် လုပ်ငန်းဆိုင်ရာအထောက်အထားများဖြည့်သွင်းကာ မတ်လ ၁၀ ရက် နောက်ဆုံး ထားပြီး အသားထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များကို ဒုတိယဌာနမှူး(ညွှန်ကြားရေးမှူး) ဖုန်း ၀၉-၅၁၂၅၃ဝ၃၊ လက်ထောက်ညွှန်ကြားရေးမှူး ဖုန်း ၀၉-၂၅၀၁၇၉၉၄၁ တို့ထံ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

04 Mar

ADVERTISE HERE .