“ဂျပန်ကုမ္ပဏီများမှ မြန်မာလုပ်သားများအား တရားဝင်ခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ၄၉ ခု ပေးပို့ထား”
04 Mar
ဂျပန်ကုမ္ပဏီများမှ မြန်မာလုပ်သားများအား တရားဝင်ခေါ်ယူနိုင်ရန် အလုပ်ကမ်းလှမ်းစာ (Demand Letter) ၄၉ ခုကို ပေးပို့ထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှသိရပါတယ်။ ဂျပန်ကုမ္ပဏီများမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၇ ရက်အထိ လက်ခံရရှိပြိး စိစစ်ပြီးစီးခဲ့တဲ့ အလုပ်ကမ်းလှမ်းစာ ၄၉ ခုရှိကာ တိုကျိုမြို့ရှိမြန်မာသံရုံးအနေနဲ့ အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့်ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများကို စိစစ်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ မြန်မာသံရုံးအနေနဲ့ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများ ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်းရှိ၊ မရှိ စာရွက်စာတမ်းအထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိ ချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနထံ ပြန်လည် ပေးပို့သည့် လုပ်ငန်းစဉ်များကို စိစစ်ကြပ်မတ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS-004)