“ဝဲလ်ဘက် ကို ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဘရိုက်တန်အသင်း”
03 Mar
ဘရိုက်တန်အသင်း တိုက်စစ်မှူး ဒန်နီဝဲလ်ဘက် ဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးခဲ့ပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဝဲလ်ဘက် ရဲ့မူလစာချုပ်က အခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ် တစ်နှစ် သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။ စာချုပ်သစ်မှာ တစ်နှစ်သက်တမ်းတိုးခွင့်ပါတဲ့အချက်ကို ထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။ ဝဲလ်ဘက် ဟာ အခုရာသီမှာ ဘရိုက်တန်အသင်းအတွက် ခြေစွမ်းပြနေကာ ပွဲ ၃၀ ကစားပြီး ၁၁ ဂိုး သွင်းယူထားပါတယ်။ ၎င်းအနေနဲ့ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့လည်း မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဝဲလ်ဘက် ဟာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလကတည်းက ဘရိုက်တန်အသင်းကို ရောက်ရှိနေပြီး ပြိုင်ပွဲစုံ ၁၉၁ ပွဲကစားကာ ၄၈ ဂိုး သွင်းယူပေးထားပါတယ်။ (NVS 008)
03 Mar