“ကွင်းထဲမှာ ပါးစပ်ကိုကွယ်ပြီး စကားပြောတဲ့ကစားသမားကို အနီကတ်ပြထုတ်သင့်တယ်လို့ဆိုတဲ့ အင်ဖန်တီနို”

03 Mar

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနို က ဘောလုံးကွင်းထဲမှာ ပါးစပ်ကိုကွယ်ပြီး ပြိုင်ဘက်ကို စကားပြောခဲ့တဲ့ ကစားသမားကို အနီကတ်ပြထုတ်ပယ်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘင်ဖီကာကစားသမား ပရီစတီယန်နီ က ရီးရဲလ်အသင်းကစားသမား ဗင်နီစီယပ်စ် ကို လူမျိုးရေးခွဲခြား ခဲ့ကြောင်း တိုင်ကြားခံရတဲ့ပြဿနာကြောင့် အင်ဖန်တီနို က အခုလိုမှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ပရီစတီယန်နီ က ဗင်နီစီယပ်စ် ကို ပြောကြားရာမှာ ပါးစပ်ကို အင်္ကျီနဲ့ ကွယ်ထားခဲ့တာကြောင့် လူမျိုးရေး ခွဲခြားကြောင်း သက်သေရှာဖွေရာမှာ အခက်အခဲတွေရှိခဲ့ပါတယ်။ ဗင်နီစီယပ်စ်ရဲ့ ရီးယဲလ်အသင်းဖော် အမ်ဘာပေ က မျောက်လို့ ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့် ပရီစတီယန်နီ ကတော့ ငြင်းဆန်ထားပါတယ်။ ဒါကြောင့် ကနဦးပြစ်ဒဏ်အဖြစ် တစ်ပွဲပယ်ပြစ်ဒဏ်သာ ချမှတ်ခံထားရပြီး ဆက်လက်စုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

03 Mar

ADVERTISE HERE .