Acapulco Open တင်းနစ်ပြိုင်ပွဲ ချန်ပီယံဆုကို အီတလီအဆင့်(၃) တင်းနစ်ကစားသမား ကိုဘိုလီ ဆွတ်ခူး
02 Mar
မက္ကဆီကိုနိုင်ငံ အကာပူလ်ကို မြို့တွင် မတ်လ ၁ ရက်က ကျင်းပခဲ့သော Acapulco Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လု ပွဲစဉ်မှာ အီတလီတင်းနစ်ကစားသမား ကိုဘိုလီနှင့် အမေရိကန်တင်းနစ်ကစားသမား တီယာဖိုးတို့ ယှဉ်ပြိုင် ခဲ့ရာ ကိုဘိုလီက ၇-၆၊ ၆-၄ နဲ့အနိုင်ရပြီး ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။ တီယာဖိုးသည် ပွဲစဉ်တွင် အနိုင် ရရှိရန် ရေပန်းစားခဲ့သော်လည်း ကိုဘိုလီက ထင်မှတ်မထားသည့် စွမ်းဆောင်ရည်ပြသကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ တီယာဖိုး သည် ပထမပွဲငယ်တွင် အကောင်းဆုံးကစားနိုင်ခဲ့သော်လည်း tie-break အဆင့်တွင် ရှုံးနိမ့်ခဲ့ပြီး ဒုတိယ ပွဲငယ်တွင်လည်း ကိုဘိုလီက တီယာဖိုးကို ဖိအားပေး ကစားခဲ့ကာ ပြတ်သားသည့် ရလဒ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်။ (NVS 004)
02 Mar