မန်စီးတီးအသင်းနှင့်ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အသင်းမှ ဘယ်လင်ဟမ်နှင့် အမ်ဘတ်ပီတို့ လွဲချော်ဖွယ်ရှိနေ
02 Mar
ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ကစားမယ့် မန်စီးတီးအသင်းနှင့်ပွဲစဉ်တွင် ရီးရဲလ်မှ အဓိကကစားသမားနှစ်ဦးဖြစ်တဲ့ ဘယ်လင်ဟမ်နှင့်အမ်ဘတ်ပီတို့ လွဲချော်ဖွယ်ရှိနေကြောင်း သတင်း ဌာနတွေ ၏ဖော်ပြချက်အရ သိရပါတယ်။ ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်က ကစားခဲ့တဲ့ စပိန် လာလီဂါပွဲစဉ်မှာ ပွဲချိန် ၁၀ မိနစ်၌ ပြင်းထန်တဲ့ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် မတ်လကုန်ပိုင်း ထိ အနားယူရမည့် အခြေအနေ များကြောင့် မန်စီးတီးအသင်းနှင့် ကစားမည့် အိမ်ကွင်း၊ အဝေးကွင်း နှစ်ပွဲလုံးကို လွဲချော် နိုင်ဖွယ်ရှိနေခဲ့ပါတယ်။ အလားတူ အမ်ဘက်ပီကလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်က ကစားခဲ့သည့် အိုဆာဆူနာအသင်းနှင့် ပွဲစဉ်မှာ ကာလရှည်ခံစားနေရသည့် ဒူးဒဏ်ရာပြန်လည်ရရှိခဲ့ပြီးနောက် ခွဲစိတ်ကုသမှုခံယူရမည့် အခြေအနေနှင့် ပြန်လည်ရင်ဆိုင်နေရသည့်အတွက် မည်သည့်အချိန်ထိ အနားယူရမည်ကို မသိရှိရသေးသဖြင့် ရီးရဲလ်မက်ဒရစ် အသင်း နှင့် မန်စီးတီးအသင်းတို့သည် ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်နှင့် ဒုတိယအကျော့ပွဲစဉ် ပါ ပါဝင်ကစားနိုင်မည် မဟုတ်ကြောင်း သိရပါတယ်။ (NVS 004)