မန်စီးတီးအသင်းက ရိုဒရီအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၅၀ သတ်မှတ်

02 Mar

မန်စီးတီးအသင်းက ကွင်းလယ်ကစားသမား ရိုဒရီအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၅၀ သတ်မှတ်ခဲ့ ကြောင်း သိရပါတယ်။ ရိုဒရီဟာ ၂၀၁၉ ခုနှစ်က စပိန်လာလီဂါကလပ် အေတီကိုအသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ ခဲ့ပြီး အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြသခဲ့ကာ ၂၀၂၄ ခုနှစ်က ကမ္ဘာ့အကောင်းဆုံးကစားသမားဆု (Ballon d'Or) ဆွတ်ခူးနိုင်သည်ထိ အောင်မြင်မှုရရှိခဲ့သူဖြစ်ပါတယ်။ ရိုဒရီသည် ၂၀၂၄ ခုနှစ်တွင်ပင် ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာရခဲ့ပြီးနောက် ခွဲစိတ်ကုသမှုခံယူခဲ့ရသည့်အတွက် ကာလရှည်အနားယူခဲ့ရပြီး ပြန်လည်ကောင်းမွန်လာခဲ့တဲ့အချိန်တွင်လည်း ကြံ့ခိုင်မှုပြည့်ဝရန်ရုန်းကန်နေရတာကြောင့် မန်စီးတီးအသင်းက လာမည့်နွေရာသီကစားသမားအပြောင်းအရွှေ့ကာလတွင် ပြန်လည်ရောင်းချရန် ဆုံးဖြတ်ခဲ့ပြီး ပြောင်းရွှေ့ကြေးကိုလည်း ယူရို သန်း ၅၀ သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ရိုဒရီကို စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ် အသင်းကခေါ်ယူရန် စိတ်ဝင်စားနေပြီး ရိုဒရီ ကိုယ်တိုင်ကလည်း စပိန်လာလီဂါပြိုင်ပွဲသို့ ပြန်လည်ပြောင်းရွှေ့လို တာ ကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက ကမ်းလှမ်းမှုများ လုပ်ဆောင်လာခဲ့ပါက ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရပါတယ်။ (NVS 004)

02 Mar

ADVERTISE HERE .