၂၀၂၅ ခုနှစ် နောက်ဆုံးခြောက်လတာအတွင်း စတာလင်ပေါင် ၃၄၂ သန်းထိ စံချိန်တင်အရှုံးပေါ်ခဲ့တဲ့ ချဲလ်ဆီးအသင်း

01 Mar

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နောက်ဆုံးခြောက်လတာအတွင်း အသင်းဘဏ္ဍာရေးရှင်းတမ်းကို ထုတ်ပြန်ခဲ့ရာတွင် စတာလင်ပေါင် ၃၄၂ သန်းထိ စံချိန်တင်အရှုံးပေါ်ခဲ့ကြောင်း One Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကို အသင်းပိုင်ရှင် တော့ဒ်ဘိုလီ ပိုင်ဆိုင်ခဲ့ပြီးနောက် အပြောင်းအရွှေ့ကာလများတွင် ငွေကြေးများစွာအသုံးပြုပြီး ကစားသမားခေါ်ယူမှုများ လုပ်ဆောင်ခဲ့တဲ့အတွက် အသင်းအနေဖြင့် နှစ်စဉ်အရှုံးပေါ်ခဲ့ပြီး တော့ဒ်ဘိုလီ ပိုင်ဆိုင်ခဲ့သည့် သုံးနှစ်မြောက်ကာလ ၂၀၂၅ ခုနှစ်တွင် စံချိန်တင်အရှုံးပေါ်ခဲ့သလို အင်္ဂလန်ဘောလုံး လောကတွင် စံချိန်တင်အရှုံးပေါ်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိဘောလုံးလောကတွင် စံချိန်တင်အရှုံးပေါ်မှုအဖြစ် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ကိုဗစ်-၁၉ ကာလတွင် ဘာစီလိုနာအသင်းက နောက်ဆုံးခြောက်လတာအတွင်း စတာလင်ပေါင် ၄၈၁ သန်းထိ အရှုံးပေါ်ခဲ့ပြီးနောက် ဘောလုံးလောကတွင် စံချိန်တင်အရှုံးပေါ်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ချဲလ်ဆီးအသင်းက ဒုတိယမြောက်စံချိန်တင် အရှုံးပေါ်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေဖြင့် အသင်းပိုင်ရှင် တော့ဒ်ဘိုလီ လက်ထက်တွင် စံချိန်တင်အရှုံးပေါ်မှုများ ဖြစ်ပေါ် နေသော်လည်း အသင်းဝင်ငွေ၊ ထွက်ငွေ စည်းမျဉ်းနှင့် ညှိစွန်းခြင်းမရှိသေးဘဲ ကိုက်ညီနေဆဲဖြစ်ကြောင်း သိရပါတယ်။(NVS 008)

01 Mar

ADVERTISE HERE .