WBC ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲစဉ်အဖြစ် အူဆက်ခ် က ဗာဟိုဗန် နှင့် ထိုးသတ်ရန်စီစဉ်နေ

01 Mar

ကမ္ဘာ့ဟဲဗီးဝိတ်တန်း ပြိုင်ဘက်ကင်းချန်ပီယံ ယူကရိန်းလက်ဝှေ့သမား အူဆက်ခ် က ၎င်းပိုင်ဆိုင်ထားတဲ့ ခါးပတ်များအနက် WBC ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်အတွက် နယ်သာလန်ကစ်ဘောက်ဆာသမား ဗာဟိုဗန် နှင့် ထိုးသတ်ရန်စီစဉ်နေကြောင်း ကြေညာခဲ့ကြောင်း Fight Mag သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အူဆက်ခ် အနေနဲ့ ကစားသမားဘဝနောက်ဆုံးပွဲစဉ်ကို ထိုးသတ်မည်ဟု ကြေညာထားသော်လည်း လက်ဝှေ့ လောကမှ ပြိုင်ဘက်မဟုတ်ဘဲ ကစ်ဘောက်ဆာကစားသမားကို ရွေးချယ်ခဲ့ပြီး ၎င်းပိုင်ဆိုင်ထားသည့် ခါးပတ်များ အနက် ခါးပတ်တစ်ခုအတွက်သာ ထိုးသတ်မှာဖြစ်တဲ့အတွက် အူဆက်ခ် ဟာ လက်ဝှေ့လောကတွင် ဆက်လက် ကျင်လည်မည့် အခြေအနေဖြစ်နေပါတယ်။ အူဆက်ခ် က အားကစားကဏ္ဍအသီးသီးက အကောင်းဆုံးလုပ်ပြထားနိုင်တဲ့ ကစားသမားတွေကို လေးစား ကြောင်းနဲ့ သူ့အနေနဲ့ လက်ဝှေ့လောကမှပြိုင်ဘက်နဲ့သာ ထိုးသတ်သွားဖို့ ပြိုင်ဘက်ရွေးချယ်နေတယ်ဆိုပေမဲ့ ကစ်ဘောက်ဆာလောကမှာ အကောင်းဆုံးစွမ်းဆောင်ထားတဲ့ ဗာဟိုဗန် နဲ့ ထိုးသတ်သွားလိုကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

01 Mar

ADVERTISE HERE .