မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့က နော်တင်ဟမ်အသင်းမှ အန်ဒါဆန် ကိုခေါ်ယူရန် အပြိုင်ကြိုးပမ်းနေ
01 Mar
ယခုနှစ် မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်သည့် ဆုံးဖြတ်ထားသကဲ့သို့ မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့က လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် နော်တင်ဟမ်အသင်းမှ လူငယ် ကွင်းလယ်ကစားသမား အန်ဒါဆန် ကို အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ မန်စီးတီးအသင်းက ကွင်းလယ်ပိုင်းတွင် ဒဏ်ရာပြဿနာများကြောင့် ပုံမှန်ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့ ရိုဒရီကို လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့တွင် ရောင်းချရန်ဆုံးဖြတ်ထားပြီး မန်ယူအသင်းကလည်း ယခုနှစ်ဘောလုံးရာသီအကုန်တွင် ဝါရင့်ကွင်းလယ်ကစားသမား ကက်စ်မဲရိုး က အသင်းနှင့်လမ်းခွဲရန် ဆုံးဖြတ်ထားတဲ့အတွက် ၎င်းတို့နေရာတွင် အန်ဒါဆန် နှင့်အစားထိုးရန် မန်ချက်စတာမြို့ခံနှစ်သင်းက အပြိုင်ကြိုးပမ်း နေခြင်းဖြစ်ပါတယ်။ အသက် ၂၃ နှစ်ရှိ အန်ဒါဆန် ဟာ ၂၀၂၄ ခုနှစ်မှာ နယူးကာဆယ်အသင်းမှ နော်တင်ဟမ်အသင်းသို့ ပြောင်းရွှေ့ခဲ့ကာ အသင်းနှင့်အတူ ပြီးခဲ့တဲ့ဘောလုံးရာသီက အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီးနောက် ၎င်းကိုယ်တိုင်က လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားတဲ့အတွက် မန်ယူနှင့် မန်စီးတီးအသင်းတို့က အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။(NVS 008)