မန်ယူအသင်းက ၂၀၂၅ ခုနှစ် နောက်ဆုံးခြောက်လတာကာလတွင် အမြတ်ငွေရရှိခဲ့သော်လည်း ကြွေးမြီ ၁ ဒသမ ၂၉ ဘီလီယံထိတင်ရှိနေ

01 Mar

မန်ယူအသင်းအနေနဲ့ ၂၀၂၅ ခုနှစ် နောက်ဆုံးခြောက်လတာ ဘဏ္ဍာရေးရှင်းတမ်းကို ထုတ်ပြန်ခဲ့ရာ အမြတ်ငွေ စတာလင်ပေါင် ၃၂ ဒသမ ၆ သန်းရရှိခဲ့သော်လည်း ကြွေးမြီအနေဖြင့် စတာလင်ပေါင် ၁ ဒသမ ၂၉ ဘီလီယံထိ တင်ရှိနေကြောင်း B/R Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ လက်ရှိမန်ယူအသင်း၏ အစုရှယ်ယာ ၇၁ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည့် ဂလေဇာမိသားစုက မန်ယူအသင်းကို ၂၀၁၂ ခုနှစ်မှစတင်ပြီး ချေးငွေများဖြင့် ဝယ်ယူခဲ့ပြီးနောက် အသင်းအနေဖြင့် ချေးငွေများ နှစ်စဉ်မြင့်တက်လာ ခဲ့ခြင်းဖြစ်ပါတယ်။ ထို့နောက် ဂလေဇာမိသားစုက ၂၀၂၄ ခုနှစ်တွင် အသင်းအစုရှယ်ယာ ၂၉ ရာခိုင်နှုန်းကို INEOS အုပ်စုထံ ရောင်းချခဲ့ပြီးနောက် ဂလေဇာမိသားစုနှင့် INEOS အုပ်စုတို့က ပူးတွဲအသင်းပိုင်ရှင်များအဖြစ် ရပ်တည် နေခြင်းဖြစ်ပါတယ်။ မန်ယူအသင်းဟာ ချေးငွေများဖြင့် အပြောင်းအရွှေ့ကာလများတွင် ကစားသမားခေါ်ယူမှုများကို နှစ်စဉ်လုပ်ဆောင်ခဲ့ပြီးနောက် လက်ရှိတွင် အသင်းအနေဖြင့် ကြွေးမြီ ၁ ဒသမ ၂၉ ဘီလီယံထိ တင်ရှိနေခြင်း ဖြစ်ပါတယ်။ မန်ယူအသင်းက ၂၀၂၅ ခုနှစ် နောက်ဆုံးခြောက်လတာကာလအတွင်း စပွန်ဆာဝင်ငွေများမှ စတာလင်ပေါင် သန်း ၁၉၀ ကျော် ဝင်ငွေရရှိခဲ့ပြီး အသင်းပူးတွဲပိုင်ရှင် INEOS အုပ်စု ဦးဆောင်သူ ဆာဂျင်ရက်ကလစ် က အသင်းဝန်ထမ်းဦးရေအများအပြားကို လျှော့ချခဲ့သလို လုပ်ခလစာမြင့် ကစားသမားများကိုလည်း အငှားစေလွှတ် နိုင်ခဲ့တဲ့အတွက် အသုံးစရိတ်အများအပြားအား လျော့နည်းလာခဲ့ကြောင်း သိရပါတယ်။(NVS 008)

01 Mar

ADVERTISE HERE .