“အမေရိကန်နှင့်အီရန်တို့ကြား တတိယအကျော့ နျူကလီးယားဆွေးနွေးပွဲ ဂျီနီဗာမြို့၌ ကျင်းပ”

28 Feb

အမေရိကန်နှင့် အီရန်အစိုးရ ထိပ်တန်းသံတမန်များကြား တတိယအကျော့ တစ်ဆင့်ခံ နျူကလီးယား ဆွေးနွေးပွဲများကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကျင်းပခဲ့ကြောင်း ဖော်ပြထားသည်။ သို့ရာတွင် အဆိုပါဆွေးနွေးပွဲမှာ မည်သည့်သဘောတူညီချက်မျှ မရယူနိုင်ခဲ့ဘဲ အဆုံးသတ်ခဲ့ကြောင်း အမေရိကန် မီဒီယာများက သတင်းထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၂၆ ရက် ဆွေးနွေးပွဲများမှာ သဘောတူညီချက်မရဘဲ ပြီးဆုံးခဲ့သော်လည်း အောင်မြင်တိုးတက်မှုအချို့ရှိခဲ့ကြောင်း ဆွေးနွေးပွဲများ၌ ကြားလူအဖြစ်ပါဝင်ခဲ့သော အိုမန် နိုင်ငံခြားရေးဝန်ကြီး ဘာဒါးအယ်လ်ဘူဆိုင်ဒီ က ထုတ်ဖော်ပြောကြားထားသည်။ သို့ရာတွင် တတိယအကျော့ နျူကလီးယားဆွေးနွေးပွဲများ၌ မည်သည့်သဘောတူညီချက်မျှ မရယူနိုင်ခဲ့ မှုကြောင့် အမေရိကန် နှင့် အီရန်နိုင်ငံတို့ကြား စစ်ရေးပဋိပက္ခဖြစ်နိုင်ခြေ မြင့်တက်လာမည့်အရေးကို အရှေ့အလယ်ပိုင်းဒေသတွင်းနိုင်ငံများက စိုးရိမ်လျက်ရှိသည်။ ဖေဖော်ဝါရီလ ၂၆ ရက် ဂျီနီဗာဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံကို ကိုယ်စားပြု၍ သမ္မတ ဒေါ်နယ်ထရမ့် ၏ အထူးသံတမန်များဖြစ်ကြသော စတိဗ်ဝစ်ကော့ဖ် နှင့် ဂျရက်ကုရှ်နာ တို့ပါဝင်ခဲ့ပြီး အီရန်အစိုးရကို ကိုယ်စားပြု၍ နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီ တို့ပါဝင်ကြသည်။ အီရန်နိုင်ငံအနေဖြင့် နျူကလီးယားသဘောတူညီချက် မရယူခဲ့ပါက ဆိုးရွားသည့်အကျိုးဆက်များနှင့် ရင်ဆိုင် ရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားထားကြောင်းသိရသည်။

28 Feb

ADVERTISE HERE .