ရာဖင်ညာ အတွက် ပြောင်းရွှေ့ကြေးသတ်မှတ်လိုက်တဲ့ ဘာစီလိုနာအသင်း

27 Feb

ဘာစီလိုနာအသင်းက တိုက်စစ်ကစားသမား ရာဖင်ညာ အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၂၀ သတ်မှတ်လိုက်ကြောင်းသိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ရာဖင်ညာ အနေနဲ့ ဘာစီလိုနာအသင်း၌ အကောင်းဆုံးခြေစွမ်းပြနေခဲ့လို့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းများနှင့် ဆော်ဒီကလပ်အသင်းများက ၎င်းကိုခေါ်ယူရန် ပစ်မှတ်ထားနေကြပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းက ဈေးနှုန်းသတ်မှတ်လိုက်တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ရာဖင်ညာ ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေသော်လည်း ၎င်းတို့အလိုရှိတဲ့ ပြောင်းရွှေ့ကြေးပမာဏဖြင့် ကမ်းလှမ်းလာခဲ့ပါက ရောင်းထုတ်သွားဖွယ်ရှိနေပါတယ်။(NVS 008)

27 Feb

ADVERTISE HERE .