ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရေဓာတ်ပြန်ဖြည့်ရန် Hydration Break ပေးမည်

27 Feb

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရေဓာတ်ပြန်ဖြည့်ရန် Hydration Break ပေးမည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA)က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ FIFA က ကစားသမားများရဲ့ ကျန်းမာရေးမှာ အဓိကဦးစားပေးဖြစ်ပြီး အသင်းအားလုံး တန်းတူညီတူ အခွင့်အရေး ရရှိမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမပိုင်းနှင့် ဒုတိယပိုင်းပွဲချိန် ၂၂ မိနစ်ရောက်တိုင်း ခေတ္တရပ်ပြီး သုံးမိနစ်စီ အနားပေးမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဘောလုံးပွဲစဉ်များ လက်ခံကျင်းပမည့် ၁၆ ကွင်းအနက် ၁၀ ကွင်းမှာ ရာသီဥတုအပူဒဏ် ခံရဖွယ်ရှိနေတာကြောင့် Hydration Break ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)

27 Feb

ADVERTISE HERE .