ခြေသလုံးဒဏ်ရာကြောင့် နှစ်ပတ်ခန့် အနားယူရဖွယ်ရှိတဲ့ လီဆန်ဒရိုမာတီနက်ဇ်
27 Feb
မန်ယူအသင်း နောက်ခံကစားသမား လီဆန်ဒရိုမာတီနက်ဇ် ဟာ ခြေသလုံးဒဏ်ရာကြောင့် နှစ်ပတ်ခန့် အနားယူရဖွယ်ရှိနေကြောင်း သိရပါတယ်။ နောက်ခံကစားသမား မာတီနက်ဇ် ဟာ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်ရင်း ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပါတယ်။ မာတီနက်ဇ် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရခြင်းကြောင့် မန်ယူအသင်း ခံစစ်ပိုင်းအတွက်လည်း ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် နောက်ခံကစားသမား မာတီနက်ဇ် ဟာ မန်ယူအသင်းနှင့်အတူ ၂ဝ၂၂-၂ဝ၂၃ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁ဝ၆ ပွဲကစားကာ သုံးဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။(NVS 008)
27 Feb