ထရမ့်က နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှုအတွင်း အီရန်အား ခြိမ်းခြောက်

26 Feb

အမေရိကန်သမ္မတ ထရမ့် က ဖေဖော်ဝါရီလ ၂၄ ရက်တွင် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာ၌ အီရန်ကို ခြိမ်းခြောက်ခဲ့ပြီး အီရန်နျူကလီးယားလက်နက် ပိုင်ဆိုင်သည်ကို အမေရိကန်က မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ကျွန်တော်တို့ အခု သူတို့(အီရန်)နဲ့ ဆွေးနွေးညှိနှိုင်းနေပါတယ်။ သူတို့က သဘောတူညီချက်ရချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က အဓိကစကားဖြစ်တဲ့ ကျွန်တော်တို့ ဘယ်သောအခါမှ နျူကလီးယားလက်နက် ပိုင်ဆိုင်မှာ မဟုတ်ပါဘူး ဆိုတာကိုမကြားရပါဘူးဟု ထရမ့် က ပြောကြားခဲ့သည်။ ထရမ့် က ၎င်းအနေဖြင့် အီရန်နျူကလီးယားအရေးကို သံတမန်နည်းလမ်းမှတစ်ဆင့် ဖြေရှင်းရန် အားသာကြောင်း၊ ဘယ်သူမဆို အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကို သံသယမဝင်သင့်ပါဘူး။ ကျွန်တော်တို့က တစ်ကမ္ဘာ လုံးမှာ အင်အားအကြီးဆုံးစစ်တပ်ကို ပိုင်ဆိုင်ထားပါတယ်ဟု ပြောကြားခဲ့သည်။ အီရန်ပဲ့ထိန်းဒုံးကျည်နှင့်စပ်လျဉ်း၍ ထရမ့် က သူတို့(အီရန်)က ဥရောပနဲ့ကျွန်တော်တို့ရဲ့ ပြည်ပအခြေစိုက် စခန်းတွေကို ခြိမ်းခြောက်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကို သုတေသနထုတ်လုပ်ပြီးဖြစ်သလို အမေရိကန်ဆီ အမြန်ဆုံး တိုက်ခိုက်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကိုလည်း သုတေသနပြုလုပ်နေပါတယ်ဟု ဆိုသည်။ ထိုနေ့ညနေပိုင်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို နှင့် အမေရိကန်ဖက်ဒရယ် စုံစမ်း စစ်ဆေးရေးဗျူရို(FBI) ဥက္ကဋ္ဌ John Ratcliffe တို့သည် အမေရိကန်အောက်လွှတ်တော်၊ အထက်လွှတ်တော်မှ အကြီးအကဲများနှင့် လွှတ်တော်နှစ်ရပ် ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ၊ အကြီးတန်းအဖွဲ့ဝင်တို့ထံသို့ ထရမ့် အစိုးရ၏ အီရန်အစီအစဉ်နှင့်စပ်လျဉ်း၍ လျှို့ဝှက်အကျဉ်းချုံး ရှင်းလင်းတင်ပြမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Report from Xinhua Myanmar)

26 Feb

ADVERTISE HERE .