စည်းကြပ်ခွန် ကန်ဒေါ်လာ ဘီလီယံဆယ်ချီ ထရမ့်အစိုးရ ပြန်လည်ပေးအပ်ရန် နယူးယောက်ပြည်နယ်အစိုးရ တောင်းဆို

26 Feb

ထရမ့်အစိုးရအနေဖြင့် နယူးယောက်ပြည်နယ် ဒေသခံပြည်သူများထံသို့ သွင်းကုန်ပစ္စည်း စည်းကြပ်ခွန် ကန်ဒေါ်လာ ၁၃ ဒသမ ၅ ဘီလီယံခန့်အား ပြန်လည်ပေးအပ်ရန် နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Kathy Hochul က ဖေဖော်ဝါရီလ ၂၄ ရက်တွင် တောင်းဆိုခဲ့သည်။ ယေးလ်တက္ကသိုလ် ဘတ်ဂျက်စမ်းသပ်ခန်း၏ ခန့်မှန်းတွက်ချက်မှုအရ ထရမ့်အစိုးရ ယမန်နှစ်မှ စတင် ဖော်ဆောင်သော စည်းကြပ်ခွန်မူဝါဒ အကျိုးသက်ရောက်မှုကြောင့် နယူးယောက်ပြည်နယ် မိသားစုတိုင်းသည် ပျမ်းမျှအားဖြင့် အရင်းအနှီး ကန်ဒေါ်လာ ၁,၇၅၁ အပိုကျခံရကြောင်း နယူးယောက်ပြည်နယ်အစိုးရက ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါစည်းကြပ်ခွန်သည် နယူးယောက်ပြည်နယ်မှ စားသုံးသူများ၊ ကုမ္ပဏီလုပ်ငန်းငယ်နှင့် တောင်သူများ အပေါ် တစ်ဖက်လှည့်နည်းဖြင့် စည်းကြပ်ခွန်ကောက်ခံခြင်းဖြစ်ရာ သဘောထားမလျော်ကန်သလို တရားဥပဒေ နှင့်လည်း မကိုက်ညီကြောင်း၊ ဒါကလည်း စည်းကြပ်ခွန်ပမာဏ အပြည့်အဝပြန်လည်ပေးအပ်ဖို့ ကျွန်မတောင်းဆို ရတဲ့ အကြောင်းရင်းပါပဲ ဟု Kathy Hochul က ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်သည် ဖေဖော်ဝါရီလ ၂၀ ရက်တွင် စီရင်ချက်ထုတ်ပြန်ခဲ့ရာ အမေရိကန် နိုင်ငံတကာအရေးပေါ် စီးပွားရေးအခွင့်အာဏာအက်ဥပဒေတွင် သမ္မတက စည်းကြပ်ခွန်ပမာဏ အများအပြားကောက်ခံရန် အခွင့်အာဏာအပ်နှင်းထားခြင်းမရှိဟု ယူဆသည်။ ယင်းသည် ထရမ့်အစိုးရ စည်းကြပ်ခွန်မူဝါဒတွင် ကြီးမားသောထိုးနှက်မှု တွေ့ကြုံရသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ဧပြီလ ၂၃ ရက်တွင် နယူးယောက်ပြည်နယ်အပါအဝင် အမေရိကန်၏ ပြည်နယ် ၁၂ ခုသည် မဟာမိတ်ဖွဲ့ပြီး အမေရိကန် နိုင်ငံတကာကုန်သွယ်ရေးတရားရုံး၌ ထရမ့်အစိုးရအား တရားစွဲဆို၍ ၎င်း၏ စည်းကြပ်ခွန်မူဝါဒသည် တရားဥပဒေချိုးဖောက်ရာကျသည်ဟု စွဲချက်တင်ကာ တရားရုံးက အလားတူစည်းကြပ် ခွန်သည် တရားမဝင်ကြောင်း ထုတ်ပြန်ကြေညာပြီး အဆိုပါစည်းကြပ်ခွန်ဖော်ဆောင်မှုအား တားဆီးရန် တောင်းဆိုခဲ့သည်။ (Report from Xinhua Myanmar)

26 Feb

ADVERTISE HERE .