ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ နယ်စပ်ဒေသ၌ ပစ်ခတ်မှု ထပ်မံဖြစ်ပွား

26 Feb

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တပ်ဖွဲ့များသည် ဖေဖော်ဝါရီလ ၂၄ ရက် ညပိုင်းတွင် ပါကစ္စတန်-အာဖဂန် နစ္စတန် နယ်စပ်တစ်လျှောက် နေရာများစွာ၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင် ပစ်ခတ်မှုဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ပါကစ္စတန်စစ်တပ်သတင်းအရင်းအမြစ်က ထိုနေ့တွင် ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့ သည်။ နှစ်ဖက်စလုံးက ပစ်ခတ်မှုအတွင်း လက်နက်ကြီးများအသုံးပြုခဲ့ပြီး လက်ရှိအချိန်အထိ လူထိခိုက်သေဆုံး ကြောင်း အစီရင်ခံတင်ပြမှုမရှိသေးဟု သတင်းအရင်းအမြစ်က ဆိုသည်။ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်သည် ဖေဖော်ဝါရီလ ၂၄ ရက် ညနေပိုင်းတွင် နှစ်နိုင်ငံနယ်စပ်ရှိ Torkham နှင့် Tirah ဒေသတို့၌ ယာယီပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ထိုနေ့အစောပိုင်းတွင် ပါကစ္စတန်ဝန်ကြီးချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်က လူမှုမီဒီယာပလက်ဖောင်းတွင် အတည်ပြုခဲ့သည်။ အာဖဂန်နစ္စတန်ဘက်က အထက်ပါဒေသတွင် အမြောက်ဖြင့်ပစ်ခတ်မှု စတင်လုပ်ဆောင်ခဲ့ရာ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့က ချက်ချင်းတုံ့ပြန်မှု လုပ်ဆောင် ခဲ့ကြောင်း၊ ပါကစ္စတန်အစိုးရအနေဖြင့် မိမိနိုင်ငံသားများအား ဆက်လက်ကာကွယ်၍ မိမိပိုင်နက်နယ်မြေ ပြည့်စုံမှုအား စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထိုပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရပုဂ္ဂိုလ် Mawlawi Siddiqullah Nusrat က နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းရင်းမှာ ပါကစ္စတန်စစ်တပ်က ပုံမှန်ကင်းလှည့်မှု လုပ်ဆောင် နေသော အာဖဂန်နစ္စတန်လူပုဂ္ဂိုလ်များအား ပစ်ခတ်ခြင်းကြောင့်ဖြစ်သည်ဟု ထိုနေ့တွင် ဆင်ဟွာသတင်းထောက် အား ပြောကြားခဲ့သည်။ ပါကစ္စတန်စစ်တပ်သည် ဖေဖော်ဝါရီလ ၂၁ ရက် ညပိုင်းတွင် ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်ဒေသ အား လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်အဖွဲ့ဝင် ဦးရေ ၈၀ ကျော် သေဆုံးခဲ့သည်ဟုဆိုခဲ့သည်။ ပါကစ္စတန်စစ်တပ်က အာဖဂန်နစ္စတန်-ပါကစ္စတန် နယ်စပ်ဒေသအား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ လူ ၁၈ ဦး သေဆုံး၍ ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အာဖဂန်နစ္စတန်နိုင်ငံ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid က ဖေဖော်ဝါရီလ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ (Report from Xinhua Myanmar)

26 Feb

ADVERTISE HERE .