နှစ်သစ်ကူးနွေဦးပွဲတော်အားလပ်ရက်အတွင်း ဒေသတွင်းခရီးစဉ် ၂ ဒသမ ၈ ဘီလီယံကျော်ကို တရုတ်နိုင်ငံ မှတ်တမ်းတင်

26 Feb

ဖေဖော်ဝါရီလ ၂၃ ရက်ကပြီးဆုံးခဲ့သည့် ကိုးရက်ကြာ နှစ်သစ်ကူးနွေဦးပွဲတော် ရုံးပိတ်ရက်အတွင်း တရုတ်နိုင်ငံတစ်ဝန်းရှိ ဒေသအားလုံးတွင် ခရီးသည်ခရီးစဉ်အရေအတွက် ၂ ဒသမ ၈ ဘီလီယံကျော် ရှိခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ အချက်အလက်များက ဖေဖော်ဝါရီလ ၂၄ ရက်၌ ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံတွင် “ချွင်းယွင့်” ဟုလူသိများသော နှစ်စဉ် နှစ်သစ်ကူးနွေဦးပွဲတော် ခရီးသွားကာလသည် ယခုနှစ်တွင် စံချိန်တင်မည်ဟု ခန့်မှန်းထားကြပြီး ယခုနှစ်ခရီးသွားကာလဖြစ်သော ဖေဖော်ဝါရီလ ၂ ရက်မှ မတ်လ ၁၃ ရက်အကြား တစ်နိုင်ငံလုံးတွင် ဒေသတွင်းခရီးသည် ခရီးစဉ် ၉ ဒသမ ၅ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် နှစ်သစ်ကူးနွေဦးပွဲတော် ခရီးသွားကာလ၏ အလယ်ဖြစ်သော ဖေဖော်ဝါရီလ ၂၁ ရက်အထိ ဒေသတွင်းခရီးစဉ်မှာ စုစုပေါင်း ၅ ဒသမ ၀၈ ဘီလီယံအထိ ရောက်ရှိခဲ့သည်။ ထိုကိန်းဂဏန်းတွင် ကားလမ်းခရီးစဉ် ၄ ဒသမ ၇၆ ဘီလီယံ၊ ရထားလမ်းခရီးစဉ် ၂၅၈ သန်း၊ ရေလမ်းခရီးစဉ် ၁၉ ဒသမ ၉၉ သန်းနှင့် လေကြောင်းခရီးစဉ် ၄၇ ဒသမ ၅၁ သန်းပါဝင်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ ယခုနှစ် နှစ်သစ်ကူးနွေဦးပွဲတော် ရုံးပိတ်ရက်အတွင်း စွမ်းအင်သစ်ယာဉ်များ(NEV) အသုံးပြုမှုမှာ ဆက်လက်မြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီလ ၁၅ ရက်မှ ဖေဖော်ဝါရီလ ၂၃ ရက်အထိ အဝေးပြေးလမ်းမကြီးများ ပေါ်တွင် NEV အားသွင်းမှုပမာဏမှာ စုစုပေါင်းကီလိုဝပ်နာရီ ၁၄၉ ဒသမ ၇၇ သန်းရှိသည်။ ပျမ်းမျှနေ့စဉ် အားသွင်းမှုပမာဏမှာ ကီလိုဝပ်နာရီ ၁၆ ဒသမ ၆၄ သန်းဖြင့် စံချိန်တင်မြင့်မားခဲ့ပြီး ယင်းမှာ ယမန်နှစ်က နှစ်သစ်ကူးနွေဦးပွဲတော် အားလပ်ရက်ကာလနှင့် နှိုင်းယှဉ်ပါက ၅၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ခဲ့သည်။ နှစ်သစ်ကူးနွေဦးပွဲတော်မှာ မိသားစုပြန်လည်ဆုံစည်းကြသည့် အခါသမယဖြစ်ပြီး ယခုနှစ်တွင် ဖေဖော်ဝါရီလ ၁၇ ရက်၌ ကျရောက်ခဲ့ကြောင်း သိရသည်။ (Report from Xinhua Myanmar)

26 Feb

ADVERTISE HERE .