“နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် AHA Centre အမှုဆောင်ဒါရိုက်တာ မစ္စတာ လီယန်မင်း တို့တွေ့ဆုံ”

26 Feb

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre) အမှုဆောင်ဒါရိုက်တာ မစ္စတာလီယန်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီလ ၂၅ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံစဉ် မစ္စတာ လီယန်မင်း က AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအစိုးရ၏ ပံ့ပိုးမှုနှင့် ကူညီ ဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး AHA Centre က ရှေ့ဆက်ဆောင်ရွက်မည့် လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးအပ်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကာလအတွင်း အကူအညီပေးအပ်ခဲ့မှုအပါအဝင် AHA Centre ၏ ကြိုးပမ်းဆောင်ရွက်ချက်များအတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး အမှန်တကယ်အကူအညီ လိုအပ်နေသည့် မြန်မာပြည်သူများထံ အကူအညီများ ထိရောက်လျင်မြန်စွာရောက်ရှိရေးအတွက် မြန်မာနိုင်ငံ အစိုးရနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရာတွင် မြန်မာနိုင်ငံ၏ ဦးစားပေးလိုအပ်ချက်နှင့် ကိုက်ညီ မှုရှိစေရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးမှု၊ မြန်မာအစိုးရအနေဖြင့် လူသားချင်းစာနာမှုအကူ အညီများကို အမှန်တကယ်လိုအပ်သူများထံသို့ ပို့ဆောင်ရာတွင် AHA Centre ၏ ဆောင်ရွက်ချက်များကို ပံ့ပိုး ဆောင်ရွက်ပေးခဲ့မှုများကို ပြောကြားကာ မြန်မာနိုင်ငံအတွင်း AHA Centre ၏ လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအနေနဲ့ ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးမှ အသိပေးပြောကြားခဲ့ကြောင်းသိရပါတယ်။ (NVS-004)

26 Feb

ADVERTISE HERE .