“(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ပြပွဲကျင်းပမည်”
26 Feb၂၀၂၆ ခုနှစ်၊ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းမှတ် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပြပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၂ ရက်အထိ သုံးရက်တိုင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ပြပွဲအခမ်းအနားကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်း လမ်းထောင့်ရှိ ဘုရင့်နောင်ပန်းခြံအတွင်း၌ ကျင်းပသွားမှာဖြစ်ပြီး ပြခန်းများနှင့် ဂီတဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်သွားမှာဖြစ်လို့ ပြည်သူများအနေနဲ့ လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရပါတယ်။ (NVS-004)
26 Feb