နှစ်သစ်ကူးနွေဦးပွဲတော်ခရီးစဉ်များတွင် ခရီးစဉ် ၇.၇ ရာခိုင်နှုန်းတိုးလာကြောင်း တရုတ်နိုင်ငံ၏ အရပ်ဘက်လေကြောင်းကဏ္ဍ အစီရင်ခံ

25 Feb

၂၀၂၆ ခုနှစ် နှစ်သစ်ကူးနွေဦးပွဲတော် ရုံးပိတ်ရက်အတွင်း တရုတ်နိုင်ငံ၏ အရပ်ဘက်လေကြောင်း ပို့ဆောင်ရေး ကဏ္ဍအနေဖြင့် ခရီးသည်ခရီးစဉ် ၂၂ ဒသမ ၀၅ သန်းကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ယင်းမှာ ၂၀၂၅ ခုနှစ် ကာလတူကထက် ၇ ဒသမ ၇ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ အရပ်ဘက်လေကြောင်း စီမံခန့်ခွဲရေး ဌာန(CAAC)မှ ဖေဖော်ဝါရီလ ၂၄ ရက်က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။ ဖေဖော်ဝါရီလ ၂၃ ရက်က ပြီးဆုံးခဲ့ပြီဖြစ်သည့် အဆိုပါကိုးရက်ကြာ ရုံးပိတ်ရက်ကာလတွင် တရုတ်နိုင်ငံ၏ အရပ်ဘက်လေကြောင်းပို့ဆောင်ရေးကဏ္ဍက တစ်နေ့လျှင် ပျမ်းမျှလေကြောင်းခရီးစဉ် ၁၈,၉၅၆ ခု ပြေးဆွဲခဲ့ကြောင်း၊ ယင်းမှာ ယခင်နှစ်ကာလတူကထက် ၄ ဒသမ ၄ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်ကြောင်း CAAC က ထုတ်ပြန်ခဲ့သည်။ တရုတ်နှစ်သစ်ကူးဟုလည်း လူသိများသော နွေဦးပွဲတော်သည် ယခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်တွင် ကျရောက်ခဲ့ပြီး မိသားစုပြန်လည်ဆုံစည်းခြင်းနှင့် ခရီးသွားလာခြင်း အခါသမယတစ်ခုဖြစ်သည်။ ၂၀၂၆ ခုနှစ် နှစ်သစ်ကူး နွေဦးပွဲတော်ရုံးပိတ်ရက်သည် စံချိန်တင်ကိုးရက်ကြာခဲ့ပြီး ၎င်းအထွတ်အထိပ်ကာလအတွင်း သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ ပို၍ပင် ဝယ်လိုအားကောင်းလာစေခဲ့သည်။ အဆိုပါရုံးပိတ်ရက်ကာလအတွင်း တရုတ်နိုင်ငံ၏ ဒေသအားလုံးတွင် ခရီးသည်ခရီးစဉ် ၂ ဒသမ ၈ ဘီလီယံကျော် ပြုလုပ်ခဲ့သည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ အချက်အလက်များက ဖော်ပြထားကြောင်း သိရသည်။ (Repost from Xinhua Myanmar)

25 Feb

ADVERTISE HERE .