ကုန်ဈေးနှုန်းသတင်း ၂၄.၂.၂၀၂၆
24 Feb
ဖေဖော်ဝါရီလ ၂၄ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ အနည်းငယ် တက်လာပြီး ကြက်သွန်ဖြူဈေးကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ ကြက်သွန်နီ၊ ထန်းလျက်၊ သကြားနဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၃,၈၉၃ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၄,၁၆၀ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၉၆၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၉၇,၅၃၃ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၄,၇၅၀ ကျပ်ကနေ ၆,၃၅၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၄,၀၃၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၃,၉၅၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၆,၃၇၀ ကျပ်ကနေ ၇,၀၈၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၆၈၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာ ကို ၃,၁၆၅ ကျပ်ကနေ ၃,၇၂၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၉,၆၆၅ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၂၀ ကျပ်ကနေ ၁,၅၄၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၃၀၀ ကျပ်ကနေ ၅,၇၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၆,၈၃၀ ကျပ်ကနေ ၆,၉၇၀ ကျပ်၊ ကြက်သွန်နီ(မြစ်သား) တစ်ပိဿာကို ၁,၆၀၀ ကျပ်ကနေ ၂,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၁၁,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၉၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ မန်ကျည်းသီး (ပွင့်ကပ်) တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၄၅၀ ကျပ်ကနေ ၃,၈၀၀ ကျပ်၊ အာလူး(အောင်ပန်း) တစ်ပိဿာကို ၂,၆၀၀ ကျပ်ကနေ ၃,၃၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၃၀၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၆၀,၀၀၀ ကျပ်ကနေ ၈၅,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ်ကနေ ၄၂,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၅၄ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၀၀၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၁၆၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၃၄၅ ကျပ်၊ မန္တလေးမှာ ၂,၄၆၀ ကျပ်၊ နေပြည်တော်မှာ ၂,၄၂၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၃၉၅ ကျပ်၊ မန္တလေးမှာ ၂,၅၀၅ ကျပ်၊ နေပြည်တော်မှာ ၂,၄၇၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၄၈၅ ကျ ပ်၊ မန္တလေးမှာ ၂,၅၉၂ ကျပ်၊ နေပြည်တော်မှာ ၂,၅၅၇ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၇၈၅ ကျပ်၊ မန္တလေးမှာ ၂,၉၀၀ ကျပ်၊ နေပြည်တော်မှာ ၂,၈၆၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၆,၉၀၀,၀၀၀ိ/-) ခြောက်ဆယ် ကိုးသိန်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၁၀,၇၂၀,၀၀၀ိ/-) တစ်ရာ ခုနစ်သိန်း နှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။