“ရွှေဘိုခရိုင်၌ နွေနှမ်း ဧက ၇၂,ဝဝဝ စိုက်ပျိုးမည်”

24 Feb

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်းစိုက်ဧက ၇၂,၀၀၀ စိုက်ပျိုးသွားမှာဖြစ်ကြောင်း ရွှေဘိုခရိုင်စိုက်ပျိုးရေး ဦးစီးဌာနစာရင်းများအရ သိရပါတယ်။ ရွှေဘိုခရိုင်၌ နွေနှမ်းစိုက်ပျိုးရာတွင်မြို့နယ်အလိုက်လျာထားမှုအနေနဲ့ ရွှေဘိုမြို့နယ်တွင် ၁၈,၁၂၁ ဧက၊ ခင်ဦး မြို့နယ်တွင် ၃,၃၁၈ ဧကနှင့် ဝက်လက်မြို့နယ်တွင် ၅၀,၅၆၁ ဧက စုစုပေါင်း ဧက ၇၂,၀၀၀ စိုက်ပျိုးရန် လျာထားခဲ့ခြင်း ဖြစ်ပါတယ်။ ယခုနှစ် ရွှေဘိုခရိုင်၌ နွေနှမ်းစိုက်ပျိုးတောင်သူများကို သက်ဆိုင်ရာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နှမ်းတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးသည့်နည်းစနစ်၊ GAP နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး နိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သည့်မျိုးများ စိုက်ပျိုးနိုင်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့်သီးနှံများသည် အခြားစိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ် ထားသည့်သီးနှံများထက် အရည်အသွေးပိုမိုကောင်းမွန်ခြင်း၊ ဈေးနှုန်းပိုမိုရရှိခြင်း၊ ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်များကိုပါ တင်ပို့ရောင်းချနိုင်သည့် အကျိုးကျေးဇူးများကြောင့် GAP စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများအနေနဲ့လည်း အကျိုးစီးပွားပိုမိုဖြစ်ထွန်းလာနိုင်ကြောင်း သိရပါတယ်။ (NVS-004)

24 Feb

ADVERTISE HERE .