“မြန်မာ့လက်ဖက်ခင်းပုံ ၂၀၀ ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်”
24 Feb
မြန်မာ့လက်ဖက်ခင်းပုံ ၂၀၀ ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ၁ မျိုးကို ဖေဖော်ဝါရီလ ၂၆ ရက်မှ စတင်ရောင်းချပေးသွားမယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းကနေ သိရပါ တယ်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးထုတ်လုပ်တဲ့ မြန်မာ့လက်ဖက်ကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာ့လက်ဖက်ခင်းပုံ ၂၀၀ ကျပ် တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ်ကို နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ စာတိုက်ကြီးတွေမှာ ဖေဖော်ဝါရီလ ၂၆ ရက်မှစပြီး တစ်ပြိုင်တည်း ရောင်းချပေးသွားမှာဖြစ်ပါတယ်။ အထူးအစီအစဉ်တစ်ရပ်အနေနဲ့ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနဲ့ မန္တလေးစာတိုက်ကြီး တို့မှာ ဖေဖော်ဝါရီလ ၂၆ ရက်မှာ ဝယ်ယူတဲ့ စာပို့တံဆိပ်ခေါင်းများနဲ့ ပထမနေ့စာအိတ် (First Day Cover) ပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမယ်လို့ သိရပါတယ်။ (NVS-004)