“အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ ယာဉ်ရပ်နားခကောက်ခံရေး လုပ်ငန်းအတွက် တင်ဒါခေါ်”
24 Feb
အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း အမှတ် (၁) ဂိတ်အဝင် ယာဉ်ရပ်နားခကောက်ခံရေးလုပ်ငန်း အတွက် တင်ဒါခေါ်ယူထားကြောင်း ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ သိရပါတယ်။ လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း အမှတ် (၁) ဂိတ်အဝင်မှ အောင်မင်္ဂလာလမ်း ညာဘက်တစ်လျှောက် (အမှတ်-၁ ဂိတ်အဝင်မှ မုံရွာလမ်းအထိ) ၌ လာရောက် ရပ်နားသည့် ယာဉ်ငယ်များအား ယာဉ်ရပ်နားခကောက်ခံသည့်လုပ်ငန်းကို တင်ဒါစနစ်ဖြင့် ငှားရမ်းသွားမှာ ဖြစ်ပါ တယ်။ ဒါကြောင့် လုပ်ငန်းလုပ်ကိုင်လိုသောလုပ်ငန်းရှင်များအနေနဲ့ တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို ဗိုလ် တစ်ထောင်မြို့နယ်၊ ၄၆ လမ်း၊ ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ (၁၂) ထပ်ခွဲရုံး၊ (၇) လွှာရှိ အင်ဂျင်နီယာ ဌာန(လမ်းနှင့်တံတား)၊ ယာဉ်ရပ်နားစခန်းများ စီမံခန့်ခွဲရေးရုံးတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ် အချက်အလက်များ သိရှိလိုပါက ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ပါတယ်။ တင်ဒါပုံစံများကို ဖေဖော်ဝါရီလ ၂၁ ရက်မှ လာမည့် မတ်လ ၄ ရက် နေ့လယ် ၁ နာရီအချိန်အထိ ရောင်းချ ပေးသွားမှာဖြစ်ပြီး လာမည့်မတ်လ ၆ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြိုတော်ခန်းမတွင် တင်ဒါကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)