ကချင်ပြည်နယ်အစိုးရက ယာယီတိမ်းရှောင်ပြည်သူများကို တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် လစဉ်ထောက်ပံ့ပေး

24 Feb

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နေထိုင်မှုအဆင်ပြေစေရေးနှင့် စားသောက်မှုအဆင်ပြေစေရေးအတွက် စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်က တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် လစဉ်‌ထောက်ပံ့ ပေးလျက်ရှိကြောင်း သိရပါတယ်။ ကချင်ပြည်နယ်အစိုးရအနေနဲ့ မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်ပြည်သူများ နေထိုင်သောစခန်းများနှင့် ဘုန်းတော်ကြီးကျောင်းများမှာ တိမ်းရှောင်နေကြသူများကို ပြည်နယ်ဝန်ကြီးချုပ်က သွားရောက်တွေ့ဆုံကာ ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ ဆွတ်ငိုင်တောင် ယာယီတိမ်းရှောင်စခန်း၌ ဖားကန့် မြို့နယ်မှ လာရောက်ခိုလှုံနေတဲ့ အိမ်ထောင်စု ၁၀၀ ကျော်ကို ဆက်လက်တွေ့ဆုံကာ အိမ်ထောင်စုများ၏ ယာယီ နေအိမ်များ ပြင်ဆင်တည်ဆောက်နိုင်ရေး ဝါးအလုံး ၅၀၀ အတွက် ငွေကျပ် ၅၅ သိန်းနှင့် မိုးကာလိပ် ၁၂ လိပ်အတွက် ငွေကျပ် ၄၈ သိန်း ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။(NVS 004)

24 Feb

ADVERTISE HERE .