ကုန်ဈေးနှုန်းသတင်း ၂၃.၂.၂၀၂၆

23 Feb

ဖေဖော်ဝါရီလ ၂၃ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက် ကျဆင်းနေပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အခြားပဲအများစုနဲ့ မန်ကျည်းသီး၊ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၆,၂၆၈ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်း ကို ၁၀၈,၆၄၃ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၀၂၅ ကျပ်ကနေ ၅,၀၆၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာ ကို ၁၀၀,၆၀၇ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၄,၈၃၀ ကျပ်ကနေ ၆,၇၇၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၀၁၅ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၈,၄၉၅ ကျပ်ကနေ ၈,၈၅၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၆၈၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာ ကို ၃,၁၆၅ ကျပ်ကနေ ၃,၇၅၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၉,၆၆၅ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၂၀ ကျပ်ကနေ ၁,၅၄၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၃၀၀ ကျပ်ကနေ ၅,၇၀၀ ကျပ်၊ ပဲပုပ်မြစ်ဝ ကျွန်းပေါ်(ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၆,၆၃၅ ကျပ်ကနေ ၆,၉၂၀ ကျပ်၊ ကြက်သွန်နီ(ဆိတ်ဖြူ) တစ်ပိဿာကို ၁,၆၀၀ ကျပ်ကနေ ၂,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာကို ၁၁,၈၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၉၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ မန်ကျည်းသီး (ပွင့်ကပ်) တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၄၅၀ ကျပ်ကနေ ၃,၈၀၀ ကျပ်၊ အာလူး(အောင်ပန်း) တစ်ပိဿာကို ၂,၆၀၀ ကျပ်ကနေ ၃,၃၀၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၂၅,၀၀၀ ကျပ်၊ ငါးမီးတံသွယ် တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၅၄ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၃,၉၈၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၁၄၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၃၄၅ ကျပ်၊ မန္တလေးမှာ ၂,၄၆၀ ကျပ်၊ နေပြည်တော်မှာ ၂,၄၂၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၃၉၅ ကျပ်၊ မန္တလေးမှာ ၂,၅၀၅ ကျပ်၊ နေပြည်တော်မှာ ၂,၄၇၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၄၈၅ ကျ ပ်၊ မန္တလေးမှာ ၂,၅၉၂ ကျပ်၊ နေပြည်တော်မှာ ၂,၅၅၇ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၇၈၅ ကျပ်၊ မန္တလေးမှာ ၂,၉၀၀ ကျပ်၊ နေပြည်တော်မှာ ၂,၈၆၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၆,၉၀၀,၀၀၀ိ/-) ခြောက်ဆယ် ကိုးသိန်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၁၀,၆၇၀,၀၀၀ိ/-) တစ်ရာ ခြောက်သိန်း ခုနစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

23 Feb

ADVERTISE HERE .