ရွှေတိဂုံစေတီတော် ၂၆၁၄ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲကျင်းပ

22 Feb

NVS ရွှေတိဂုံစေတီတော် ၂၆၁၄ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည် ပူဇော်ပွဲကို ဖေ‌ဖော်ဝါရီလ ၂၁ နံနက်ပိုင်းမှာ ရွှေတိဂုံစေတီရင်ပြင်တော်ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ဦးစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက နှစ်ကျိပ်ရှစ်ဆူဘုရားများကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား တစ်ပတ်လှည့်လည်ပူဇော်၍ ချမ်းသာကြီး တန်ဆောင်းအတွင်း ပင့်ဆောင်ခဲ့ကြပါတယ်။ ထို့နောက် ရွှေတိဂုံစေတီတော် ၂၆၁၄ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲကို ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိ ထံမှ ဧည့်ပရိသတ်များက သီလခံယူဆောက်တည်ခဲ့ကြပါတယ်။ ယင်းနောက် ဗုဒ္ဓပူဇနိယတပေါင်း ပွဲတော်ကျင်းပရေးနှင့်စပ်လျဉ်း၍ ဗုဒ္ဓပူဇနိယမင်္ဂလာအဖွင့်စကား ဖတ်ကြားလျှောက်ထားကာ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ဆီမီးထွန်းညှိပူဇော်ပြီး ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို ဖွင့်လှစ်ပေးကာ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဧည့်ပရိသတ်များက မဟာပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ကြပြီး ဗဟိုမဏ္ဍပ်အတွင်းရှိ ရတနာဃရစံအိမ်တော်အတွင်း အသင့်နေရာယူထားသော သံဃာတော်က မဟာပဋ္ဌာန်းဒေသနာတော်ကို အသံမစဲ ဆက်လက်ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။ ရွှေတိဂုံစေတီတော် ၂၆၁၄ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော် ပွဲကို မတ်လ ၂ ရက်ထိ ၁၀ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ \ ဘဏ္ဍာနှစ် ၁၀ လတာအတွင်း ပုစွန်မက်ထရစ်တန် ၉,၀၀၀ နီးပါး ပြည်ပသို့တင်ပို့ထား ‎” NVS 004 - February 22, 2026. ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ၁၀ လတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၉,၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ၁၀ လတာကာလအတွင်း ပုံမှန် ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၈,၁၃၅ ဒသမ ၀၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၃၁၅ သန်းရရှိကာ နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ် တန် ၈၁၅ ဒသမ ၇၉ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅၄ သန်း ရရှိခဲ့တဲ့အတွက် ပြည်ပသို့ စုစုပေါင်းပုစွန်မက်ထရစ်တန် ၈,၉၅၀ ဒသမ ၈၆ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၇၆၉ သန်း ရရှိခဲ့တာဖြစ်ပါတယ်။ ပြည်ပသို့ပုစွန်တင်ပို့မှုအနေဖြင့် ယခင်ဘဏ္ဍာနှစ်ကာလတူက မက်ထရစ်တန် ၇,၀၂၈ ဒသမ ၄၁၈ တန် တင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ပုစွန်မက်ထရစ်တန် ၁,၉၂၂ ဒသမ ၄၄၂ တန် ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါးစသည့်ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေး မှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ Webiste Link - https://starfmradio.live/news/16684/show ၃။ “ဆံတော်ရှင်မော်တင်စွန်း ဘုရားပွဲတော်လာ ပြည်သူများအတွက် ရှပ်ပြေးယာဉ်များဖြင့် ဝန်ဆောင်မှုပေး” NVS 004 - February 22, 2026. ဆံတော်ရှင်မော်တင်စွန်းစေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲ‌တော်ကို ဖေဖော်ဝါရီလ ၁၆ ရက်မှ မတ်လ ၂ ရက်(တပေါင်းလပြည့်နေ့)အထိ ကျင်းပလျက်ရှိရာ ပွဲတော်လာပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ပုသိမ်ဆိပ်ကမ်းမှ ရှပ်ပြေးအမြန်ယာဉ်များဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ ပုသိမ်ကနေ မော်တင်စွန်းကို ရှပ်ပြေးယာဉ် ရှစ်စင်းခန့် နေ့စဉ်ညနေပိုင်းတွင် ပြေးဆွဲပေးလျက်ရှိပြီး စိတ်အေးချမ်းစွာ ဘုရားဖူးနိုင်တဲ့အပြင် ပင်လယ်ကမ်းခြေမှာလည်း အပန်းဖြေလည်ပတ်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက စနစ်တကျကြပ်မတ်ပေးလျက်ရှိပါတယ်။ ရှပ်ပြေးယာဉ်များကို ရိုးရိုး၊ လေပန်ကာနှင့် အဲယားကွန်းအခန်းများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး ပုသိမ်ဆိပ်ကမ်းမှ ညနေ ၆ နာရီတွင် ထွက်ခွာပြီး နံနက် ၁ နာရီခွဲတွင် ခမောက်မော်ဆိပ်ကမ်းသို့ ဆိုက်ကပ် ပေးလျက်ရှိပါတယ်။ ခရီးသွားများအနေဖြင့် ဆံတော်ရှင်မော်တင်စွန်းစေတီတော်သို့ လာရောက်ဖူးမြော်ပြီး ငွေတောင်၊ ခမောက်မော်၊ ဟိုင်းကြီးကျွန်း၊ ဇီးချိုင်ကျေးရွာနှင့် ကျောက်ကလပ်ကမ်းခြေတို့တွင် အပန်းဖြေလည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

22 Feb

ADVERTISE HERE .