အေစီမီလန်အသင်းက မိုဒရစ် ကို စာချုပ်သက်တမ်းတိုးရန်စီစဉ်
21 Feb
အေစီမီလန်အသင်းက ကွင်းလယ်ကစားသမား မိုဒရစ်ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၄ဝ အရွယ် မိုဒရစ် က အေစီမီလန်အသင်းနှင့်အတူ ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၂၇ ပွဲ ကစားပြီး နှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြထားသလို အသက်အရွယ်ပိုင်းအားဖြင့် အကျပိုင်းသို့ ရောက်ရှိနေပြီဖြစ် သော်လည်း ခြေစွမ်းပိုင်းကျဆင်းခြင်း မရှိသေးတာကြောင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ အေစီမီလန်အသင်းရဲ့ ထုတ်ပြန်ချက်မှာ မိုဒရစ် က အသင်းအတွက် ကစားသမားကောင်းတစ်ယောက်ဖြစ်လို့ စာချုပ်သက်တမ်းတိုးရန် စီစဉ်နေပြီး မကြာမီရက်ပိုင်းအတွင်း အပြီးသတ်နိုင်တော့ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)
21 Feb