ကာမာဒါ အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် အေစီမီလန်အသင်းက ခေါ်ယူရန်ကြိုးပမ်း

21 Feb

အေစီမီလန်အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်း ကွင်းလယ်ကစားသမား ကာမာဒါ အား လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်ကြိုးပမ်းနေကြောင်း သိရပါတယ်။ ကာမာဒါ ဟာ ၂၀၂၄ ခုနှစ်မှာ ဖရန့်ဖက်အသင်းမှ ခရစ္စတယ်ပဲလေ့စ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး လက်ရှိဘောလုံးရာသီအကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းက ကာမာဒါ အား သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့မရှိလို့ ဘောလုံးရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှထွက်ခွာရမှာဖြစ်တာကြောင့် အေစီမီလန်အသင်းက ခေါ်ယူရန်ကြိုးပမ်းနေခြင်း ဖြစ်ပါတယ်။ ကာမာဒါ ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မှာဖြစ်လို့ အေစီမီလန်အသင်းအပြင် ပရီးမီးယားလိဂ် ကလပ်အသင်းများဖြစ်တဲ့ အက်စ်တွန်ဗီလာ၊ အဲဗာတန် နှင့် စပါးအသင်းတို့ကလည်း ခေါ်ယူရန်စီစဉ်နေတာကြောင့် အေစီမီလန်အသင်းက လက်ဦးမှုရယူနိုင်ရန် ကြိုးပမ်းနေဖြစ်ပါတယ်။(NVS 008)

21 Feb

ADVERTISE HERE .