ရမှတ်ခြောက်မှတ်လျှော့ ပြစ်ဒဏ်အတွက် အယူခံတင်ခဲ့တဲ့ လက်စတာအသင်း
21 Feb
လက်စတာအသင်းက ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် ရမှတ်ခြောက်မှတ်လျှော့ ပြစ်ဒဏ်အတွက် အယူခံတင်သွင်းခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ လက်စတာအသင်း ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ကစားခဲ့စဉ်က အသင်းအမြတ်ငွေနှင့် ရေရှည်တည်တံ့ရေးစည်းမျဉ်း ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ယခုလအစောပိုင်းမှာ ရမှတ်ခြောက်မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ လက်စတာအသင်းက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲသို့ တန်းဆင်းခဲ့ပြီးနောက် လက်ရှိဘောလုံးရာသီ အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း ရလဒ်များမတည်မငြိမ်ဖြစ် နေတဲ့အပြင် ရမှတ်လျှော့ပြစ်ဒဏ်ကိုပါ ချမှတ်ခံခဲ့ရသည့်အတွက် အင်္ဂလန်လိဂ်-၁ ပြိုင်ပွဲသို့ တန်းဆင်းရမည့်အရေးနှင့် ရင်ဆိုင်လာရခြင်းဖြစ်ပါတယ်။ လက်စတာအသင်းဟာ လက်ရှိဘောလုံးရာသီ အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲ ၃၂ ပွဲကစားပြီးချိန်တွင် ရမှတ် ၃၂ မှတ်ဖြင့် တန်းဆင်းဇုန်ဖြစ်သည့် အဆင့်(၂၂) နေရာတွင် ရပ်တည်နေပါတယ်။(NVS 008)