နာနတ်သီးစားခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ

20 Feb

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ နာနတ်သီးစားခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ နာနတ်သီးက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးတစ်မျိုးဖြစ်သော်လည်း အလွန်အကျွံ စားသုံးပါက ၎င်း၏ မြင့်မားသော ဘရိုမီလိန်၊ ဗီတာမင် C နဲ့ အက်ဆစ်ပါဝင်မှုများကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။ အဖြစ်များသော effects များကတော့ လျှာနဲ့ ခံတွင်းယားယံခြင်း၊ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းနှင့် ရင်ပူခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ နှင့် ဖြစ်နိုင်ချေရှိသော ဓာတ်မတည့်မှု တုံ့ပြန်မှုများ ပါဝင်တယ်။ မမှည့်သေးသော နာနတ်သီးကို စားသုံးခြင်းက အန္တရာယ်ဖြစ်စေနိုင်ပြီး အော့အန်ခြင်းနှင့် ဝမ်းပျက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ အက်စစ်ဓာတ်မြင့်မားစွာ ပါဝင်တာကြောင့် မကြာခဏစားသူံးပါက သွားကြွေလွှာကို ပျက်စီးစေပါတယ်။ နာနတ်သီးက သွေးချို တက်စေနိုင်ပါတယ်။ နာနတ်သီးမှာ သဘာ၀အရပေးတဲ့ သကြားဓာတ် ပါ၀င်မှုများပါတယ်။ အဲ့ဒါကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ သွေးချိုကို မြင့်တက်သွားစေပါတယ်။ လက္ခဏာကတော့ ခေါင်းကိုက်ခြင်း၊ မကြာခဏ ဆီးသွားခြင်းတွေ ဖြစ်တတ်ပါတယ်။ နာနတ်သီးစားခြင်းက သွားတွေကို ပျက်စီးလာစေ နိုင်ပါတယ်။ နာနတ်သီးမှာ အက်ဆစ်ဓာတ်များ ပါတာကြောင့် သွားပျက်စီးစေနိုင်ပါတယ်။ လက္ခဏာကတော့ သွားကိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခံတွင်းဓာတ်မတည့်တဲ့ လက္ခဏာတွေလည်း ဖြစ်တတ်ပါတယ်။ ပုံမှန်ကြည့်ရင် ဘာမှမဟုတ်ပေမယ့် ဖုန်မှုန့်တွေနဲ့ ဓာတ်မတည်သလိုပုံစံနဲ့တူပါတယ်။ အဲ့ဒီဓာတ်မတည့်ခြင်းက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က နာနတ်သီးရဲ့ ၀တ်မှုန့်မှာရှိတဲ့ ပရိုတင်းနဲ့ ဓာတ်မတည့်တာကြောင့် ခန္ဓာကိုယ်ထဲမှာ တုန့်ပြန့်မှုပြတာဖြစ်ပါတယ်။ လက္ခဏာကတော့ နာနတ်သီးစားပြီးရင် လျှာယား လာပါမယ်။ နာနတ်သီးစားခြင်းက တချို့လူတွေအတွက် ဓာတ်မတည်တာတွေ ဖြစ်စေပါတယ်။ နာနတ်သီးနဲ့ ဓာတ်မတည့်တာတွေက နာရီအနည်း ငယ်လောကမှာ သက်သာသွားစေနိုင်ပေမယ့် ဒီထက်အချိန်ကြာ ရင်တော့ ဆရာ၀န်ပြသင့်ပါတယ်။ လက္ခဏာကတော့ နှုတ်ခမ်း ဖူးရောင်တာ၊ လည်ချောင်း တစစ်စစ် ဖြစ်တာတွေ ခံစားရပါမယ်။ (NVS 003)

20 Feb

ADVERTISE HERE .