ထိုင်ဝမ်အရေးတွင် ဂျပန်က မိမိကိုယ်ကို စုဖွဲ့ကာကွယ်ခွင့်ကိုအသုံးချ၍ ကြားဝင်မည်ဆိုပါက တရုတ်နိုင်ငံ၏ ပြင်းပြင်းထန်ထန် ထိပ်တိုက်တိုက်ခိုက်မှုကို မုချမသွေရင်ဆိုင်ရမည်ဟု တရုတ်ကိုယ်စားလှယ်ပြောကြား

19 Feb

ဂျပန်က မည်သည့်အကြောင်းပြချက်ဖြင့်မဆို မိမိကိုယ်ကို စုဖွဲ့ကာကွယ်ခွင့်ကိုအသုံးချ၍ ထိုင်ဝမ်အရေးကို ကြားဝင်စွက်ဖက်မည်ဆိုပါက တရုတ်နိုင်ငံအပေါ် ကျူးကျော်မှုမြောက်မည်ဖြစ်ရာ တရုတ်နိုင်ငံ၏ ပြင်းပြင်းထန်ထန် ထိပ်တိုက်တိုက်ခိုက်မှုကို မုချမသွေရင်ဆိုင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး က ဖေဖော်ဝါရီလ ၁၈ တွင် ကျင်းပသည့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် ကုလသမဂ္ဂအခန်းကဏ္ဍမြှင့်တင်ရေး အထူးကော်မတီ ၂၀၂၆ ခုနှစ် ပုံမှန်အချေအတင်ဆွေးနွေးပွဲ၌ အလေးထားပြောကြားခဲ့သည်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင် လက်နက်အင်အားသုံးခြင်း သို့မဟုတ် လက်နက်အင်အားဖြင့် ခြိမ်းခြောက်ခြင်းကို တားမြစ်သည့် နိုင်ငံတကာအခြေခံဥပဒေ အခြေခံမူကို အတည်ပြုချမှတ်ထားကြောင်း၊ ယင်းအခြေခံမူသည် စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို ကာကွယ်ထိန်းသိမ်းခြင်း၊ တတိယကမ္ဘာစစ်ကြီးကို ရှောင်ရှားခြင်းအတွက် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ သတိပြုထိုက်သည်မှာ မကြာမီကာလများတွင် ဂျပန်ခေါင်းဆောင်က သမိုင်းဒီရေစီးကြောင်းကို နောက်ပြန်ဆန့်ကျင်ကာ တရုတ်နိုင်ငံ ထိုင်ဝမ်နှင့် ဂျပန်၏ သေရေးရှင်ရေး အကျပ်အတည်းအခြေအနေကို ပြောင်ပြောင်တင်းတင်း ချိတ်ဆက်ပြောဆိုခဲ့ကြောင်း၊ ထို့အပြင် ဂျပန်-အမေရိကန် မဟာမိတ်ဆက်ဆံရေးဖြင့် ရင်ဆိုင်ရန်စိတ်ကူးယဉ်ကာ မိမိကိုယ်ကို စုဖွဲ့ကာကွယ်ခွင့်ဟူသော အကြောင်းပြချက်ဖြင့် ထိုင်ဝမ်အရေးတွင် လက်နက်အင်အားသုံး၍ ကြားဝင်ရန်ကြံစည်ခဲ့ကြောင်း ဖုချုံး က ပြောကြားခဲ့သည်။ သက်ဆိုင်ရာ အဓိပ္ပာယ်မဲ့၊ မှားယွင်းသည့် ပြောဆိုချက်များသည် ဥပဒေအရ အခြေအမြစ်မရှိကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲခြားမရသော နယ်မြေပိုင်နက်ဖြစ်ပြီး ထိုင်ဝမ်အရေးကို မည်သို့ဖြေရှင်းရန်မှာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ရာ အခြားနိုင်ငံတွင် စွက်ဖက်ပိုင်ခွင့်မရှိသလို လက်နက်အင်အားသုံး၍ မိမိကိုယ်ကိုကာကွယ်ခြင်း ဟူသည်ကို ပို၍လုပ်ဆောင်ပိုင်ခွင့် မရှိကြောင်း ဖုချုံး က ထောက်ပြပြောကြားခဲ့သည်။ သက်ဆိုင်ရာ အဓိပ္ပာယ်မဲ့၊ မှားယွင်းသည့် ပြောဆိုချက်များသည် စစ်ရှုံးနိုင်ငံဖြစ်သည့် ဂျပန်အနေဖြင့် မလွဲမသွေလိုက်နာရမည့် နိုင်ငံတကာတာဝန်ဝတ္တရားကို ဖောက်ဖျက်ခြင်းဖြစ်သလို ကိုင်ရိုကြေညာချက်၊ ပေါ့စ်ဒမ် ကြေညာချက်၊ ဂျပန်လက်နက်ချအညံ့ခံခြင်း စာချုပ်တွင် သတ်မှတ်ထားသည့် စစ်ရှုံးနိုင်ငံ၏ တာဝန်ဝတ္တရားများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ အဓိပ္ပာယ်မဲ့၊ မှားယွင်းသည့်ပြောဆိုချက်များသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွင် သတ်မှတ်ထားသည့် နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားခြင်း၊ ပြည်တွင်းရေး စွက်ဖက်မှုမပြုခြင်းဟူသော အခြေခံမူကို ချိုးဖောက်ခြင်းဖြစ်ရာ စစ်ပွဲအလွန် နိုင်ငံတကာ စည်းစနစ်အပေါ် ပြင်းထန်စွာစိန်ခေါ်ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ အဓိပ္ပာယ်မဲ့၊ မှားယွင်းသည့် ပြောဆိုချက် များသည် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော နိုင်ငံများအားလုံး၏ သတိထားမှုနှင့် ဆန့်ကျင်မှု ဖြစ်ပေါ်စေသင့်ပြီး ဂျပန်က မည်သည့်အကြောင်းပြချက်ဖြင့်မဆို မိမိကိုယ်ကိုစုဖွဲ့ကာကွယ်ခွင့်ကို အသုံးချ၍ ထိုင်ဝမ်အရေးကို ကြားဝင် စွက်ဖက်မည်ဆိုပါက တရုတ်နိုင်ငံအပေါ် ကျူးကျော်မှုမြောက်မည်ဖြစ်ရာ တရုတ်နိုင်ငံ၏ ပြင်းပြင်းထန်ထန် ထိပ်တိုက် တိုက်ခိုက်မှုကို မုချမသွေရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

19 Feb

ADVERTISE HERE .