ဂျပန်နိုင်ငံ၏ ၁၀၅ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ဆာနာအဲ တာကာအိချိ ရွေးချယ်ခံရ
19 Feb
ဂျပန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဆာနာအဲ တာကာအိချိ အား ဖေဖော်ဝါရီ ၁၈ ရက်တွင် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်၏ ဝန်ကြီးချုပ်ရွေးချယ်ခန့်အပ်မှု ရွေးကောက်ပွဲအရ ဂျပန်နိုင်ငံ၏ ၁၀၅ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ အဆိုပါနေ့ နံနက်ပိုင်းတွင် ဂျပန်အစိုးရသည် အစိုးရအဖွဲ့အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပြီး ဆာနာအဲ တာကာအိချိ ၏ ပထမအကြိမ်အစိုးရတစ်ရပ်လုံး ရာထူးမှနုတ်ထွက်ခဲ့သည်။ ထို့နောက်မကြာမီတွင်ပင် ဂျပန် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့က ဝန်ကြီးချုပ်ရွေးချယ်ခန့်အပ်မှု ရွေးကောက်ပွဲကို သီးခြားကျင်းပ ခဲ့သည်။ အောက်လွှတ်တော်၏ ဝန်ကြီးချုပ်ရွေးချယ်ခန့်အပ်မှု ရွေးကောက်ပွဲတွင် တာကာအိချိ သည် တရားဝင်မဲ ၄၆၄ အနက် ၃၅၄ မဲရရှိခဲ့သည်။ အထက်လွှတ်တော်၏ ဝန်ကြီးချုပ်ရွေးချယ်ခန့်အပ်မှု ရွေးကောက်ပွဲတွင် မဲပေးမှုနှစ်ကြိမ် အပြီး တာကာအိချိ သည် ဆန္ဒမဲစုစုပေါင်း ၂၄၆ မဲ အနက် ၁၂၅ မဲ ရရှိခဲ့သည်။ ဆက်လက်ပြီး တာကာအိချိ သည် အစိုးရအဖွဲ့သစ်ဖွဲ့စည်းရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ ထိုနေ့ ညပိုင်းတွင် ဂျပန်ဘုရင့်နန်းတော်၌ကျင်းပသော ဝန်ကြီးချုပ်ခန့်အပ်မှုနှင့် အစိုးရအဖွဲ့ဝန်ကြီးများ အသိအမှတ်ပြုပွဲ အပြီးတွင် အစိုးရအဖွဲ့သစ်အား တရားဝင်ဖွဲ့စည်းမည်ဖြစ်သည်။ တာကာအိချိ သည် လွန်ခဲ့သောနှစ် အောက်တိုဘာလ ၄ ရက်တွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီး အောက်တိုဘာလ ၂၁ ရက်တွင် ဂျပန်နိုင်ငံ၏ ၁၀၄ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ် ခံခဲ့ရသည်။ ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင် တာကာအိချိ နှင့် အစိုးရအဖွဲ့ဝင်တစ်ရပ်လုံးသည် အစိုးရအဖွဲ့ အစည်းအဝေးကျင်းပကာ အောက်လွှတ်တော်ဖျက်သိမ်းရန် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ပြီး ယင်းနောက် အောက်လွှတ်တော်ကို ဖျက်သိမ်းခဲ့သည်။ ဖေဖော်ဝါရီလ ၈ ရက်တွင် ဂျပန်၌ အောက်လွှတ်တော်ရွေးကောက်ပွဲ အတွက် မဲပေးခြင်းကျင်းပခဲ့ရာ အာဏာရပါတီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အမတ်နေရာအရေအတွက်သည် သိသိသာသာမြင့်တက်လာပြီး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အမတ်နေရာစုစုပေါင်း၏ သုံးပုံနှစ်ပုံကို ကျော်လွန် ခဲ့သည်။ အောက်လွှတ်တော်ရွေးကောက်ပွဲ ပြီးဆုံးပြီးနောက် ရက်ပေါင်း ၃၀ ရက်အတွင်း လွှတ်တော်ခေါ်ယူ၍ ဝန်ကြီးချုပ်ရွေးချယ်ခန့်အပ်မှု ရွေးကောက်ပွဲကိုကျင်းပရန် ဂျပန်အခြေခံဖွဲ့စည်းပုံဥပဒေတွင် သတ်မှတ်ထားသည်။ (Repost from Xinhua Myanmar)