“လယ်ယာသုံးစက်ကိရိယာများဝယ်ယူရန် စိုက်ပျိုးစရိတ်နှစ်ဆင့်ချေးငွေ ကျပ်သန်းပေါင်း ၂၃,၀ဝ၀ ကျော် ထုတ်ချေးပေး”

18 Feb

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ လက်ရှိအချိန်အထိ စိုက်ပျိုးစရိတ်နှစ်ဆင့် ချေးငွေဖြင့် တောင်သူများအား လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူနိုင်ရေးအတွက် ငွေကျပ်သန်းပေါင်း၂၃,၀၀၀ ကျော်ကို ထုတ်ချေးပေးထားကြောင်း သိရပါတယ်။ တိုင်းဒေသကြီးအတွင်း လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းလာနိုင်စေရန်၊ လုပ်ငန်းခွင်၌ လျင်မြန်ချောမွေ့ပြီး လုပ်ငန်းများတွင်ကျယ်စွာ လုပ်ကိုင်လာနိုင်စေရန်နှင့် လယ်ယာလုပ်သား ရှားပါးလာမှု အခက်အခဲကိုဖြေရှင်းနိုင်စေရန် ယခုလို စိုက်ပျိုးစရိတ် နှစ်ဆင့်ချေးငွေများအား ထုတ်ချေးဆောင်ရွက် ပေးခြင်းဖြစ်ပါတယ်။ ထိုကဲ့သို့ ထုတ်ချေးပေးရာတွင် လယ်ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်နှင့် အခြားလယ်ယာသုံး စက်ကိရိယာများကို တောင်သူများလိုအပ်သော စက်အမျိုးအစားအလိုက် ဝယ်ယူအသုံးပြုနိုင်စေရန် လယ်ယာသုံး စက်ကိရိယာများ ရောင်းချသောကုမ္ပဏီများနှင့်ချိတ်ဆက်ကာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်ဘဏ်ခွဲများမှ တစ်ဆင့် ထုတ်ချေးပေးခြင်းဖြစ်ပါတယ်။ အဆိုပါ စိုက်ပျိုးစရိတ်နှစ်ဆင့်ချေးငွေဖြင့် လယ်ယာသုံးစက်ကိရိယာ ဝယ်ယူလိုသော တောင်သူများအနေနဲ့ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီပါက လိုအပ်သော စာရွက်စာတမ်း၊ ထောက်ခံချက်များနှင့်တကွ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်ဘဏ်ခွဲနှင့် မြို့နယ်ဘဏ်ခွဲများသို့ သွားရောက်လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ (NVS-004)

18 Feb

ADVERTISE HERE .