“ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဂုဏ်ပြုလွှာ မှန်ဘောင်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်လိုသူ များကို ဖိတ်ခေါ်”

18 Feb

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဂုဏ်ပြုလွှာ မှန်ဘောင်သွင်းခြင်းလုပ်ငန်း ဆောင်ရွက် လိုသူများကို ဈေးပြိုင်ကြော်ငြာထုတ်ပြန်၍ ဖိတ်ခေါ်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ဈေးပြိုင်ကြော်ငြာအရ ရွှေတိဂုံစေတီတော် ဝတ္တကမြေအတွင်း ဘုရားဖူးများအဆင်ပြေစေရန် ဂေါပက အဖွဲ့က စီမံဆောင်ရွက်ထားသည့် ဂုဏ်ပြုလွှာမှန်ဘောင်သွင်းခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်သတ်မှတ်ပေးထားပေး မည်ဖြစ်ရာ လုပ်ငန်းဆောင်ရွက်လိုသူများအနေဖြင့် ဈေးနှုန်းအဆိုပြုလွှာပုံစံနှင့် စည်းကမ်းချက်များကို တစ်စုံလျှင် ကျပ် ၂၀,၀၀၀ နှုန်းဖြင့် ဝယ်ယူနိုင်ကြောင်း ကြေညာထားရှိပါတယ်။ အဆိုပြုလွှာပုံစံများကို လာမည့် ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်တွင် ဂေါပကအဖွဲ့ရုံး၌ ရုံးချိန်အတွင်း ရောင်းချပေးသွားမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြန်လည်တင်သွင်းလာသည့် ဈေးနှုန်းအဆိုပြုလွှာများကို ဖွင့်ဖောက်ပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များကို သိရှိလိုသူများအနေဖြင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

18 Feb

ADVERTISE HERE .