ကစားသမားဘဝ သွင်းဂိုး ၅၀၀ ပြည့်မြောက်ခဲ့တဲ့ ဟယ်ရီကိန်း

17 Feb

ဘိုင်ယန်မြူးနစ်အသင်းနှင့် အင်္ဂလန်လက်ရွေးစင်အသင်း တိုက်စစ်မှူး ဟယ်ရီကိန်း အနေနဲ့ ကစားသမားဘဝ သွင်းဂိုး ၅ဝဝ ပြည့်မြောက်သည့် စံချိန်မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ကြောင်း သိရပါတယ်။ ဟယ်ရီကိန်း ဟာ ဘိုင်ယန်မြူးနစ်အသင်းက ဝါဒါဘရီမင်အသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ယခုလိုမှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်း အနေနဲ့ ကလပ်အသင်းကစားသမားဘဝ သွင်းဂိုး ၄၂၂ ဂိုး၊ နိုင်ငံလက်ရွေးစင်အသင်း ကစားသမားဘဝ သွင်းဂိုး ၇၈ ဂိုးသွင်းယူပြီး စုစုပေါင်းသွင်းဂိုး ၅ဝဝ ပြည့်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ ယခုနှစ်ဘောလုံးရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၃၅ ပွဲကစားပြီး ၄၁ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။(NVS 008)

17 Feb

ADVERTISE HERE .