ဘရန့်ဖို့ဒ်အသင်းနှင့် သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ အီဂေါသီယာဂို
17 Feb
ဘရန့်ဖို့ဒ်အသင်းက တိုက်စစ်မှူး အီဂေါသီယာဂို အား ၂ဝ၃၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်သစ်ကို ချုပ်ဆိုခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တိုက်စစ်မှူး အီဂေါသီယာဂို ဟာ ဘရန့်ဖို့ဒ်အသင်းနှင့်အတူ ၂ဝ၂၄-၂၀၂၅ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၃၄ ပွဲကစားပြီး ၁၈ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အသင်းက သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုခဲ့ ခြင်းဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် အီဂေါသီယာဂို က ဘရန့်ဖို့ဒ်အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူသွားလိုပြီး ကစားသမားဘဝကိုလည်း လက်ရှိအသင်းမှာပဲ ကုန်ဆုံးသွားလိုကြောင်း ပြောခဲ့ပါတယ်။ (NVS 008)
17 Feb