နည်းပြ ပိုချက်တီနို က ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ရေး ရည်မှန်းချက်ထားရန်ပြော
17 Feb
အမေရိကန်လက်ရွေးစင်အသင်းနည်းပြ ပိုချက်တီနို က ကစားသမားများအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုရယူရန် ရည်မှန်းချက်ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံက ကနေဒါ၊ မက္ကဆီကိုနိုင်ငံတို့နှင့်အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး အိမ်ရှင်အခွင့်အရေးရှိနေခြင်းကြောင့် နည်းပြ ပိုချက်တီနို က ယခုလို ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ အမေရိကန်အသင်းက ပထမဆုံးလက်ခံကျင်းပသည့် ၁၉၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယဆုရရှိခဲ့ခြင်းက အမြင့်ဆုံးအောင်မြင်မှုဖြစ်ပြီး ၂၁ ရာစုအတွင်း အမြင့်ဆုံးအနေနဲ့ ကွာတားဖိုင်နယ်အဆင့်သာ ရောက်ရှိခဲ့ဖူးတာ ဖြစ်ပါတယ်။ နည်းပြ ပိုချက်တီနို က အသင်းအနေနဲ့ ရည်မှန်းချက်ကြီးကြီးမားမား ထားရှိဖို့က အရေးကြီးကြောင်းနဲ့ ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းရဲ့ လုပ်ဆောင်ခဲ့ပုံတွေအတိုင်း အနိုင်ယူလို စိတ်ကို အမြဲထားရှိပြီး ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)