ဘုန်းမောက်အသင်းက အဲလက်စ်ဂျီမီနက်ဇ် ကို အပြီးသတ်ခေါ်ယူ
17 Feb
ဘုန်းမောက်အသင်းက အေစီမီလန်အသင်းမှ အငှားဖြင့်ခေါ်ယူထားတဲ့ နောက်ခံကစားသမား အဲလက်စ် ဂျီမီနက်ဇ် ကို အပြီးသတ်ခေါ်ယူခဲ့ကြောင်း အတည်ပြုထုတ်ပြန် ကြေညာခဲ့ပါတယ်။ နောက်ခံကစားသမား ဂျီမီနက်ဇ် က ဘုန်းမောက်အသင်းနှင့်အတူ ၂ဝ၃၁ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အဲလက်စ်ဂျီမီနက်ဇ် ဟာ လက်ရှိဘောလုံးရာသီတွင် အေစီမီလန်အသင်းမှ ဘုန်းမောက် အသင်းသို့ အငှားဖြင့်ရောက်ရှိခဲ့ပြီး ပြိုင်ပွဲစုံ ၂၃ ပွဲကစားကာ တစ်ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ အသက် ၂ဝ နှစ်အရွယ် အဲလက်စ်ဂျီမီနက်ဇ် က ဘုန်းမောက်အသင်းကို အပြီးသတ်ရောက်ရှိခဲ့ကြောင်းနဲ့ အသင်းဟာ ကြီးကျယ်ခမ်းနားပြီး အနာဂတ်ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)
17 Feb