နောတင်ဟမ်ဖောရက်စ်အသင်းက ဗစ်တာပါရဲရား ကို နည်းပြသစ်အဖြစ်ခန့်အပ်
17 Feb
နော်တင်ဟမ်ဖောရက်စ်အသင်းက နည်းပြသစ်အဖြစ် နည်းပြ ဗစ်တာပါရဲရား ကို ခန့်အပ်ခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နည်းပြ ဗစ်တာပါရဲရား အနေနဲ့ နည်းပြဘဝတစ်လျှောက်တွင် ဖလာမင်ဂို၊ ပေါ်တို၊ ဖီနာဘာချီ၊ အိုလံပီယာကို့စ် စတဲ့ ကလပ်အသင်းများအပြင် အခြားကလပ်အသင်းများစွာကို ကိုင်တွယ်ပြီး အတွေ့အကြုံရှိတဲ့ နည်းပြတစ်ဦးဖြစ်လို့ နော်တင်ဟမ်ဖောရက်စ်အသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၅၇ နှစ်အရွယ် နည်းပြသစ် ဗစ်တာပါရဲရား က အသင်းတာဝန်ရှိသူတွေအနေနဲ့ ယုံကြည်စွာဖြင့် တာဝန်ပေးအပ်ခဲ့လို့ အားလုံးကိုအထူးကျေးဇူးတင်ကြောင်းနဲ့ အသင်းအောင်မြင်တိုးတက်ဖို့ အစွမ်းကုန်ကြိုးစား ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)
17 Feb