ရုံးပိတ်ရက်ရှည်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများပြား

17 Feb

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေသို့ ရုံးပိတ်ရက်ရှည်ကာလဖြစ်သော ဖေဖော်ဝါရီလ ၁၂ ရက်မှစတင်ကာ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု များပြားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၇ ရက်အထိ ရုံးပိတ်ရက်ခြောက်ရက်တွင် ဟိုတယ်၊ တည်းခိုရိပ်သာများ၌ အခန်းအားလုံးနီးပါး ငှားရမ်းထားရပြီး ခရီးသွားဧည့်သည်စုစုပေါင်း ၁၀,၉၃၆ ဦး လာရောက်အပန်းဖြေလျက်ရှိပါတယ်။ ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များအနေနဲ့ ရေကစားခြင်း၊ သဲသောင်ပြင် လမ်းလျှောက်ခြင်း၊ နေဝင်ချိန်ကြည့်ရှုခြင်းတို့ ပြုလုပ်ကြပြီး စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင် များတွင်လည်း ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိပါတယ်။ ခရီးသွားများ လုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်သည့် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များက ညွှန်ကြားချက်များထုတ်ပြန်ကာ ကမ်းခြေသန့်ရှင်းရေး၊ ယာဉ်ကြော ထိန်းသိမ်းရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 004)

17 Feb

ADVERTISE HERE .