လက်ရှိဘဏ္ဍာနှစ် ၁၀ လတာအတွင်း ပြည်ပသို့ ရေထွက်ကုန် ငါးမက်ထရစ်တန် နှစ်သိန်းခြောက်သောင်းကျော် တင်ပို့နိုင်ခဲ့

17 Feb

ပြည်တွင်းမှ ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့တင်ပို့လျက်ရှိရာ လက်ရှိဘဏ္ဍာနှစ် ၁၀ လတာအတွင်း ရေထွက်ကုန်ငါး မက်ထရစ်တန် နှစ်သိန်းခြောက်သောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ယခုဘဏ္ဍာနှစ်အစ ဧပြီလ ၁ ရက်မှ ဇန်နဝါရီလ ၃၁ ရက်အထိ ၁၀ လတာအတွင်း ငါးမက်ထရစ်တန် ၂၆၄,၁၃၀ ဒသမ ၇၈ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂၃ ဒသမ ၅၈၆ သန်းရရှိခဲ့ပါတယ်။ ဘဏ္ဍာနှစ် ၁၀ လတာကာလ အတွင်း ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ် တန် ၁၂၉,၀၄၀ ဒသမ ၄၇၆ တန်တင်ပို့ကာ အမေရိကန်ဒေါ်လာ ၂၀၃ ဒသမ ၂၉၇ သန်းနှင့် နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၁၃၅,၀၉၀ ဒသမ ၃၀၄ တန်တင်ပို့ကာ အမေရိကန်ဒေါ်လာ ၁၂၀ ဒသမ ၂၈၉ သန်း ရရှိခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းမှ ငါးအပါအဝင် အခြားရေထွက်ကုန်များကိုလည်း တင်ပို့လျက်ရှိရာ လက်ရှိဘဏ္ဍာနှစ် ၁၀ လတာ အတွင်း ရေထွက်ကုန်မက်ထရစ်တန် ၃၇၆,၄၃၉ ဒသမ ၇၇၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ပြည်တွင်းမှ ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်မှလည်း တိုက်ရိုက်တင်ပို့နေတာဖြစ်ပါတယ်။ (NVS 004)

17 Feb

ADVERTISE HERE .