ဟုမ္မလင်းမြို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား၊ နမ့်ပင‌ရေအားလျှပ်စစ်စီမံကိန်းကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ပေးလျက်ရှိ

15 Feb

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၁၅ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားခဲ့ကြောင်းသိရပါတယ်။ ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြို့မိမြို့ဖများက ဟုမ္မလင်းမြို့ ဒေသဆိုင်ရာ အချက်အလက် များနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား အသီးသီးဆွေးနွေးတင်ပြခဲ့ကြပါတယ်။ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက အသီးသီးပြန်လည် ဆွေးနွေးခဲ့ပြီးနောက် နိုင်ငံတော်ယာယီသမ္မတက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်ယာယီသမ္မတက ဟုမ္မလင်းဒေသအတွင်း လျှပ်စစ်ဓာတ်အား ဖူလုံစွာပေးဝေနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် နမ့်ပင ‌ရေအားလျှပ်စစ်စီမံကိန်းကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ‌ဒေသတွင်း လျှပ်စစ်ဓာတ်အားရရှိရေးအတွက်လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ ဟုမ္မလင်းဒေသသို့ လေကြောင်းခရီးစဉ်များ ပြေးဆွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော်မှ တတ်နိုင်သမျှ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လေကြောင်းပြေးဆွဲမှုများ စနစ်တကျဖြစ်စေ‌ရေး အတွက်လည်း ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဟုမ္မလင်းဒေသ တိုးတက်ရေးအတွက် ဒေသခံပြည်သူများ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။(NVS 004)

15 Feb

ADVERTISE HERE .