အခက်ခဲဆုံးရာသီနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့တဲ့ အာနယ်ဆလော့

15 Feb

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့ က လက်ရှိဘောလုံးရာသီက ၎င်းရဲ့နည်းပြသက်တမ်း တစ်လျှောက် အခက်ခဲဆုံးရာသီနှင့် ရင်ဆိုင်နေရတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နည်းပြ အာနယ်ဆလော့ က ၂၀၂၄ နွေရာသီတွင် ဖီယင်နုအသင်းမှ လီဗာပူးလ်အသင်းထံသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ပွဲဦးထွက်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိခဲ့သော်လည်း ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် ရုန်းကန်နေရတာဖြစ်ပါတယ်။ အာနယ်ဆလော့ က လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ခြင်း မရှိပါက လီဗာပူးလ်အသင်း နည်းပြထိုင်ခုံတွင် ဆက်ရှိရန်မသေချာကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အသက် ၄၇ နှစ်ရှိ အာနယ်ဆလော့ ဟာ ၂၀၁၆ ခုနှစ်တွင် နည်းပြလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး အယ်လ်ခမာ၊ ဖီယင်နုအသင်းတို့မှတစ်ဆင့် လီဗာပူးလ်အသင်းကို ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

15 Feb

ADVERTISE HERE .