အယ်လ်အီတီဟတ်အသင်းက ရီးရဲလ်အသင်းမှ ကာမာဗင်ဂါ ကိုခေါ်ယူရန်ကြိုးပမ်း

15 Feb

ဆော်ဒီပရိုလိဂ်ထိပ်တန်းကလပ် အယ်လ်အီတီဟတ်အသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလတွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့် အနာဂတ်မရေမရာဖြစ်နေသော ကွင်းလယ်ကစားသမား ကာမာဗင်ဂါ ကိုခေါ်ယူရန် ကြိုးပမ်းနေကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အယ်လ်အီတီဟတ်အသင်းက ပြီးခဲ့တဲ့ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဘန်ဇီးမား၊ ကန်တီ အစရှိသည့် ကစားသမားများကို လက်လွှတ်ခဲ့ရပြီးနောက် လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလတွင် ဥရောပမှ ထိပ်တန်းကစားသမားများကို ခေါ်ယူပြီး အင်အားဖြည့်တင်းရန် ကြိုးပမ်းနေတာဖြစ်ပါတယ်။ ကာမာဗင်ဂါ ဟာ ၂၀၂၁ ခုနှစ်မှာ ရင်းနက်အသင်းမှ ရီးရဲလ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အစောပိုင်းနှစ်များက အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန် နေရပြီး ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေခဲ့ရပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက လာမည့်နွေရာသီ ကစား သမားအပြောင်းအရွှေ့ကာလတွင် ရောင်းချရန်ဆုံးဖြတ်ထားခြင်းဖြစ်ပါတယ်။(NVS 008)

15 Feb

ADVERTISE HERE .