အာဆင်နယ်အသင်းက ဘိုင်ယန်မြူးနစ်ကစားသမား ဂိုရက်ဇ်ကာ ကိုခေါ်ယူရန်ဆွေးနွေး

15 Feb

အာဆင်နယ်အသင်းက ကွင်းလယ်ပိုင်း အင်အားဖြည့်တင်းရန်အတွက် ဘိုင်ယန်မြူးနစ်အသင်းမှ ကွင်းလယ် ကစားသမား ဂိုရက်ဇ်ကာ ကိုခေါ်ယူရန် ဆွေးနွေးမှုများပြုလုပ်နေကြောင်း Goal.com သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်သော်လည်း နည်းပြ အာတီတာ က အသင်းရဲ့ကွင်းလယ်ပိုင်း စွမ်းဆောင်ရည်ကျဆင်းမှာကို စိုးရိမ်နေတာကြောင့် လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဂိုရက်ဇ်ကာ ကိုခေါ်ယူ၍ အသင်း၏ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းရန် ဆုံးဖြတ်ထားခြင်းဖြစ်ပါတယ်။ အသက် ၃၁ နှစ်ရှိ ကွင်းလယ်ကစားသမား ဂိုရက်ဇ်ကာ ကို ပြီးခဲ့တဲ့ဇန်နဝါရီလ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူရန်ကြိုးပမ်းခဲ့ရာ ဂိုရက်ဇ်ကာ အနေနဲ့ လက်ရှိဘောလုံးရာသီကုန်ထိ ဘိုင်ယန်မြူးနစ်အသင်းတွင် ဆက်လက် ကစားရန် ဆုံးဖြတ်ခဲ့လို့ လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အလွတ်ပြောင်းရွှေ့ခွင့်ဖြင့် ခေါ်ယူနိုင်ရန် နည်းပြ အာတီတာ က ယခုကတည်းက ကြိုတင်ဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်ပါတယ်။(NVS 008)

15 Feb

ADVERTISE HERE .